Episode: 9

315 37 35
                                    

Unicode

"ဒီနေ့ Fanfic စာရေးဆရာရဲ့ သတင်းစာရှင်းလင်းပွဲရှိတာပဲ .... "

ဂယူဘင်း ဖုန်းကြည့်ရင်း အနားလာပြောနေသည့်တိုင် ဟန်ယူဂျင်းမှာ စိတ်မဝင်စားအား
ဒီ‌နေ့ အစ်ကိုကျန်းဟောက်ကို သွားတွေ့ရမည်ဖြစ်သဖြင့် အစ်ကိုကျန်းဟောက်ကြိုက်သည့် ပန်းလေးများကို ပန်းခြင်းပုံစံပေးရန် ကိုယ်တိုင်အလှဆင်ရင်း အလုပ်ရှုပ်နေတော့သည်။ ဂယူဘင်းကတော့ သူနား ထောင်ထောင် မထောင်ထောင် ဘေးနားပိုတိုးကပ်ရင်းကို ဆက်ပြောပြန်သည်။

"ယူဂျင်း မင်းသိလား ခုတလော သူ့ဇာတ်ကြောင်းက ပြောင်းလိုက်တော့ အရင်ထက် ဆယ်ဆလောက် တောင် စာဖတ်သူတိုးလာတာ ...
ငါလည်း ပြောင်းလိုက်တဲ့ပုံစံကို ပိုကြိုက်နေတယ်"

"ဟင်း-----"

အလိုက်မသိသော ကင်ဂယူဘင်းအား သက်ပြင်းတချက်ချရင်း မျက်စောင်းထိုးကြည့်လိုက်တော့မှ အနောက်ပြန်ဆုတ်ကာ ပါးစပ်ပိတ်သွားတော့သည်။

"ငါ မင်းကို ဘယ်နခါပြောရမှာလဲ ကင်ဂယူဘင်း
ငါအခုအစ်ကိုကျန်းဟောက်မကြိုက်တဲ့ဟာတွေကို ဘာမှမလုပ်ပဲနေတော့မှာလို့
အဲဒါမှ အစ်ကိုမြန်မြန်ပြန်နိုးလာပြီး ငါ့ကို စာပြန်သင်နိုင်မှာ ....."

ယူဂျင်းတယောက် သူ့ကို ရန်တွေ့နေရင်းပင် အသံတိမ်ဝင်ကာ ငိုမဲ့မဲ့ဖြစ်သွားတော့လည်း ကင်ဂယူဘင်းမှာ စိတ်မကောင်း ....
အစ်ကိုကျန်းဟောက်မှာ လူဆိုးဂိုဏ်း၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသဖြင့် ပင်လယ်ထဲပြုတ်ကျကာ သတိမေ့နေခဲ့သည်မှာ တစ်လပင်ပြည့်တော့မည်။ သူ့ကို တိုက်ခိုက်ခဲ့သော လူဆိုးဂိုဏ်းသားများပင် ဖမ်းမိကာ ပြစ်ဒဏ်စီရင်ပြီးဖြစ်သော်လည်း ကျန်း‌ဟောက်မှာ အခုထိသတိလည်မလာသေး
အရေးကြီးမျက်မြင်သက်သေဖြစ်သဖြင့် ကျန်း ဟောက်၏လူနာခန်းကို ရဲအရာရှိများ လုံခြုံရေးတင်းကြပ်ထားသည့်တိုင် ဟန်ယူဂျင်းကတော့ ကျန်း ဟောက်ကြိုက်တတ်သည်များကို ယူဆောင်လာကာ တရက်ခြားတခါ ခက်ရာခက်ဆစ် လူနာလာတွေ့သည်။ သွားတွေ့တိုင်းလည်း ကင်ဂယူဘင်းက လိုက်လာတတ်စမြဲ ငြိမ်ငြိမ်တော့ မနေတတ်ပေမယ့်ပေါ့ အခုလည်း လူနာခန်းလာပြီး ဖုန်းကြည့်ရင်း ဟမ် ဆိုပြီး အကျယ်ကြီး ထအော်သည်။ ဟန်ယူဂျင်း အသံတိတ်ဆဲလိုက်သည့်တိုင် သူ့မှာ အရှိန် မသေသေး

FanficWhere stories live. Discover now