Episode: 4

304 48 98
                                    

Unicode

ကျန်းဟောက် အရင်တုန်းက Celebrity တွေ၏ဘဝကို အားကျမိသည်။ နာမည်ကြီး Brand တွေဝတ် နောက်ဆုံးပေါ်ကားတွေစီးကာ ပိုက်ဆံအများကြီးရှာနိုင်ပြီး လူအများ၏ စိတ်ဝင်စားမှုကိုလည်း ခံရသည်။ မိမိကိုတော့ အတန်းထဲကလူတွေတောင် ရှိလို့ရှိမှန်း မသိကြသော်လည်း နာမည်ကြီးအိုင်ဒေါတချို့ကတော့ ထမင်းစားရေသောက်ကိစ္စမျိုးကအစ Hot Seach ဝင်နေသည်ကို အားကျလိုက်သည့်ဖြစ်ခြင်း ---

ယခုတော့ မထင်မှတ်သောပုံစံနှင့် ထိုဘဝမျိုးကို ကျန်းဟောက် ရရှိသွားပြီဖြစ်သည်။

ဖုန်းသံတတီတီ​ကြောင့် အိပ်ပျော်ခါနီး ကျန်းဟောက်မှာ နိုးလာရတော့သည်။ ဆက်သည့်သူမှာ ကင်ထယ်ရယ် ---

"အစ်ကိုဟာအို --- ပြဿနာတော့တက်ပြီ ဘာတွေလျှောက်လုပ်ထားတာလဲလို့ လိုင်းပေါ်မှာပွထနေပြီ ---"

အလောတကြီးပြောနေသော ကင်ထယ်ရယ်စကားကို သူလုံးဝနားမလည်

"ဘာ --- ငါက ဘာလုပ်လို့လဲ"

သူပြောသလို အင်တာနက်ဖွင့်ကြည့်လိုက်သော် Naver Seach ၏ 1 ကနေ 10 လောက်အထိက သူ့သတင်းတွေ --
သတင်းတွေဆိုတာထက် အတင်းအဖျင်းသတင်းဟုပြောတာက ပိုမှန်လိမ့်မည်။ သူနှင့် ပတ်ဂွန်းဝု အတူမနက်စာစားနေသည့်ပုံများမှာ ပလူပျံပြီး Topics အမျိုးမျိုးနဲ့ကို Trend နေတော့သည်။

"ဟိုက် ---- ဒါက ဘာတွေလဲ --- ငါက ဘာမို့လို့ ငါ့အကြောင်းတွေကို သတင်းလုပ်ရေးနေတာလဲ ငါက Cele လား"

"ဟုတ်တယ် အစ်ကိုက Cele ပဲလေ ---"

"ဘာ --- ငါက ဘာဖြစ်လို့ Cele ဖြစ်ရမှာလဲ အဆိုတော်လည်းမဟုတ် မင်းသားလည်းမဟုတ် ဒီအတိုင်း သူဌေးသားပဲမလား"

"အင်း --- အဆိုတော် မင်းသား မဟုတ်ပေမယ့် အရင်တည်းကလူတွေက လုပ်ငန်းစုကြီးကမျိုးဆက်တွေဖြစ်တဲ့ အစ်ကိုတို့အကြောင်းကို စိတ်ဝင်စားကြတယ်လေ"

(Rule No.3: Fanfic ထဲတွင် နိုင်ငံရေးသမားများ အနုပညာရှင်များအကြောင်းထက် Main Character များအကြောင်းကိုသာ တလောကလုံးစိတ်ဝင်စားရမည်)

ကျန်းဟောက် အံ့သြဆွံ့အနေစဥ် ကင်ထယ်ရယ်ကပင် စိုးရိမ်သည့်လေသံနှင့် စကားဆက်ပြောသည်။

FanficWhere stories live. Discover now