Episode: 6

307 45 113
                                    

Unicode

ဝမ်သန်း ၁၀၀ ထည့်ထားသည့် ပိုက်ဆံထုတ်နှင့်အတူ ကျန်းဟောက်မှာ မျက်နှာချိုသွေးလျှက်

"ကျေးဇူးပြုပြီး ဆောင်းဟန်ဘင်းကို ပြန်ယူပေးပါလား မက်ခြူးရယ်---
မင်းသာ ပြန်ယူပေးမယ်ဆို ဒီပိုက်ဆံတွေလည်း ပေးပါ့မယ် ---
ဒါ အရင်တခေါက်လို ယောက်ခမငွေတွေ မဟုတ်ပါဘူး --- ငါပိုင်သမျှ ကတ်တွေကထုတ် Cello ပါ ပြန်ရောင်းပြီး စုထားတဲ့ ငါ့ပိုက်ဆံစစ်စစ်တွေပါ"

ဆော့မက်ခြူးမှာတော့ စိတ်တွေရှုပ်ကာ ခေါင်းသာကုတ်မိတော့သည်။

"ဘာတွေလုပ်နေတာလဲ ကျန်းဟာအို --- အခု ဆောင်းဟန်ဘင်းက ကျန်းဟာအို ယောကျ်ားဖြစ်နေပြီလေ သူများယောကျ်ားကို ကျနော်က ဘာလို့ပြန်ယူရမှာလဲ"

"အော် မင်းယူမယ်ဆို ငါက ချက်ချင်းကွာရှင်းပေးပါ့မယ် အခုချက်ချင်းကွာပေးဆိုတောင် ကွာပါ့မယ်"

ကျန်းဟောက်ကို ကြည့်ရသည်မှာ ဟန်လုပ်နေတာနဲ့ကိုမတူ တကယ်ကိုအတည်ပေါက်ကြီး

"ဟာ တကယ်ပါပဲ ဘယ်လိုစကားတွေပါ ပြောနေတာလဲ နေရောကောင်းရဲ့လား ကျန်းဟာအို ---"

"ငါစိတ်ရော ကိုယ်ပါ အရမ်းကျန်းမာပါတယ် --- မနေ့က ဆောင်းဟန်ဘင်းကို ကွာရှင်းမယ်ပြောမိလို့ ငါ့ကိုဆေးရုံအတင်းဖမ်းပို့ပြီး ခေါင်းအစခြေအဆုံး Medical Checkup လုပ်တာ အကုန်ကောင်းတယ်ဆိုပြီး Result ထွက်တယ်
ငါ့ကို ကယ်ပါအုံး မက်ခြူးရဲ့ ဆောင်းဟန်ဘင်းနဲ့ သူ့မိဘတွေက ငါ့ကိုပေါက်ကရတွေပါ လုပ်ခိုင်းဖို့ကြံနေကြပြီ"

တချိန်က လင်လုဘက်ဖြစ်ကာ ရန်ဖြစ်ခဲ့ရသော်လည်း အခုတော့ဖြင့် သူ့အပေါ်မက်ခြူး အမြင်တွေပြောင်းနေရပြီ ကျန်းဟောက်မှာ မျက်နှာငယ်လေးနဲ့ လက်အုပ်လေးပါချီပြီး ပြောနေသည်မှာ တကယ်ပင်သနားစရာ

"လက်အုပ်တော့မချီပါနဲ့ ကျနော့်ထက် နှစ်နှစ်ကြီးတဲ့ဟာကို ---
ဘာများလုပ်ခိုင်းလိုက်လို့ ကျန်းဟာအိုက ဒီလိုဖြစ်နေရတာလဲ"

"ကလေးမွေးခိုင်းနေတာ --- ယောကျ်ားကြီးတန်မဲ့ ငါက ကလေးမွေးပေးရအုံးမတဲ့
အဲလောက် ကလေးလိုချင်ရင် သူတို့သားကိုမွေးခိုင်းပေါ့ ဘာလို့ငါလဲ"

FanficWhere stories live. Discover now