Episode: 8

347 42 53
                                    

Unicode

မွေ့ယာပေါ်တွင် ဖြုတ်ပြီးသား အသံဖမ်းစက်များ လှို့ဝှက်ကင်မရာများနှင့်အတူ Spyware သွင်းထားမိသည့် ဖုန်းကိုပါ အစီအရီတင်ထားသည်ကို မြင်ပြီး ဆောင်းဟန်ဘင်းမှာ ပါးစပ်အဟောင်းသား

ကျန်းဟောက်က ဘယ်သူမှမနိုးခင်အချိန်တည်းက ဒါတွေအကုန်ဖြုတ်ပြီး ထွက်သွားခဲ့ပုံပါပဲ။ သူ့အတွက် စာတစောင်ကိုလည်း ချန်ထားခဲ့ပါသေး

*ငါ့ကို လိုက်မရှာနဲ့ ဆောင်းဟန်ဘင်း
ငါရသင့်တာကိုအကုန်ပြန်ယူဖို့ ကျိန်းသေပြန်လာမှာ
အဲ့အချိန်ထိ စောင့်နေ*

လိုက်ရှာ၍လည်း အမှန်တကယ်ကို မတွေ့ပါချေ။ အိမ်တော်ထဲတွင်မက ခြံဝန်းတခုလုံးက CCTV များပါပိတ်ကာ Reset ချသွားခဲ့သည်မို့ ဘယ်အချိန် ဘယ်ဘက်ထွက်သွားမှန်းပင် မသိရပေ။ ဆောင်းဟန်ဘင်း တင်မသိသည်မဟုတ် ညီဝမ်းကွဲဖြစ်သူ ရစ်ခီနှင့် ကင်ထယ်ရယ်ကိုပါ အသိမပေးသည်ကတော့ အတော်ဆိုးသည်။ သူပျောက်တာသိသိခြင်း ရစ်ခီနှင့် ကင်ထယ်ရယ် ချက်ချင်းရောက်လာပြီး ရစ်ခီက ဆောင်းဟန်ဘင်းကို ဆွဲထိုးမည် တကဲကဲ လုပ်နေသဖြင့် ကင်ထယ်ရယ်မှာ မနည်းဆွဲရပါသေး

ကင်ထယ်ရယ် ဝင်ဆွဲနေရခြင်းမှာ ဆောင်းဟန်ဘင်းကို မေတ္တာရှိလွန်း၍တော့မဟုတ် သူ့ရည်းစားလေး ရစ်ခီက လေသာကျယ်တာ တခါမှရန်တောင်မဖြစ်ဖူးဘူး လုံးဝ လူလိမ်မာလေး ဆောင်းဟန်ဘင်းကျ ကျောင်းမှာတည်းက ဇိုးကောင်လေ အားနေရန်ဖြစ်လို့ ကျောင်းအုပ်ရုံးခန်းကို ပင်တိုင်သွားရတာ ဘယ်တူပါ့မလဲ တကယ်တမ်းချကြေးဆို ကိုယ့်ကောင်ပဲခံရမှာဆိုတော့ အတင်းဝင်ဆွဲနေရတော့တာ ဒါပေမယ့် ရစ်ခီကလည်း ဟန်ကိုယ့်ဖို့သာ လုပ်ပြနေတာပါ တကယ်တမ်းဆို ဘယ်ရန်ဖြစ်ပါ့မလဲ ထယ်ရယ့်လက်ဆွဲပြီး တန်းနေအောင်ပြေးမှာ အခုရည်းစားလေးက အလိုက်တသိ ဆွဲပေးတော့လည်း

"ထယ်ရယ် --- မင်းကြောင့်နော် --- ကိုယ့်ကောင်လေး စိတ်ညစ်မှာစိုးလို့ ဒီတခေါက်တော့ လျှော့ပေးလိုက်မယ်"

သူ့ကိုခပ်တည်တည်နဲ့ဖိန့်ကာ ထိုအတွဲ အိမ်ပြန်သွားမှ ဆောင်းဟန်ဘင်းလည်း မျက်စိနောက်သက်သာသွားတော့သည်။
ကျန်းဟောက်ဟာ Cello ရောင်းရသော ငွေကြေးအချို့နှင့် အဝတ်အစားအနည်းငယ်ကိုသာ ယူဆောင်သွားပြီး ဘယ်နေရာမှာ ဘယ်လိုများ နေထိုင်နိုင်သနည်း ဆောင်းဟန်ဘင်း အမှန်တကယ် သိချင်စမ်းပါဘိ

FanficWhere stories live. Discover now