Mafia & His Baby Boy

416 20 2
                                    

Uni✔

"Ahhh! ပျင်းတယ်ဆိုနေ"

"ကစားကွင်းသွားချင်လား"

"ဟင် အတည်"

"အတည်ပေါ့"

"ဒါဆို သွားမယ်"

"ခဏလေးအချစ် မောင်ခေါင်းကိုက်နေလို့"

"ခေါင်းကိုက်နေတယ် အဲ့ဒါကြောင့်ငါပြောတယ်လေ အလုပ်တွေအရမ်းမလုပ်နဲ့လို့"

"မဟုတ်ပါဘူးအချစ်ရာ"

"ဘာကိုမဟုတ်တာလည်း မင်းကတစ်ညလုံးလည်းအလုပ် တစ်နေ့လုံးလည်းအလုပ်နဲ့အလုပ်လုပ်ချိန်လည်း မျက်မှန်တပ်ထားလို့ပြောတာကို ပြောစကားမှနားမထောင်တာ"

"ဟောဗျာ မောင်နောက်ဆိုနားထောင်ပါ့မယ်အချစ်ရဲ့"

ပြောပြီးနောက်ဘေးတွင်ရှိသည့်ရေဘူးထဲကရေတစ်ငုံကိုသောက်လိုက်တော့ သူ့ရဲ့လက်မောင်းကိုဆုပ်ကိုင်လာသည့်လက်လေးတွေကြောင့်ငုံ့ကြည့်မိတော့ နှစ်ခမ်းလေးကိုခပ်ဆူဆူလုပ်ထားသည့်ဂယူနှင့်မျက်လုံးချင်းဆုံသည်။

"ငါရောရေသောက်ချင်တယ်"

"အင်း တိုက်မယ်"

ရေကိုတစ်ငုံစာလောက်ထပ်ငုံလိုက်ပြီးနောက် မျက်စိရှေ့ကနှစ်ခမ်းဖူးလေးကိုခပ်ဖွဖွလေးဖိကပ်လိုက်သည်။

ရေတိုက်ပြီးသွားတော့ရင်ခွင်ထဲတိုးဝင်လာသည့်ခန္ဓာကိုယ်လေးကိုခပ်တင်းတင်းပွေ့ဖက်ထားမိသည်။

"မောင် သွားကြရအောင်လေ"

"မောင့်အချစ်ကလေးအလိုကျပါဗျာ"

~~~

"မောင် ငါရေခဲမုန့်စားချင်တာ"

"လာသွားဝယ်မယ်"

သူ့ရဲ့လက်ကိုဆုပ်ကိုင်ရင်းအနီးနားကရေခဲမုန့်ဆိုင်ကိုခေါ်သွားသည့်မောင့်ကြောင့် ဘောမ်ဂယူမျက်နှာပေါ်တွင်အပြုံးတွေမှာဖုံးဖိစရာမလိုအောင်ထွက်ပေါ်လာခဲ့သည်။

"ဘာအရသာစားမလည်း အချစ်"

"ငါကစတော်ဘယ်ရီစားမယ်"

"စတော်ဘယ်ရီတစ်ခွက် ချောကလတ်တစ်ခွက်ပေးပါ"

"ဟမ် ဘာလို့နှစ်ခွက်လည်း"

taegyu oneshot collectionWhere stories live. Discover now