He is my boyfriend

98 12 0
                                    

Uni✔

"ဟဲ့ ကျောင်းသားသစ်ရောက်တယ်တဲ့"

"ဟုတ်လား"

"အေး ချောတယ်လို့ပြောနေကြတယ် ပြီးတော့ငါတို့အခန်းထဲကိုလာမှာတဲ့"

"ဟယ် အသစ်လေးကိုထပ်ငမ်းရဦးမှာပေါ့"

"ဒါပေါ့ ဟိဟိ ကျောင်းမြန်မြန်တက်ပါတော့ဟ"

"တက်တော့မှာပါဟယ် စိတ်မလောပါနဲ့"

ကျောင်းသူတွေပြောနေသည့်စကားကိုကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည် ။
ကျောင်းသားသစ်တဲ့ . . .

ဘေးခုံတွင်ရှိနေသော သူငယ်ချင်းဖြစ်သူဆူဘင်းကိုကြည့်လိုက်တော့ ဟိုကအိပ်ပျော်နေသည်မှာ သူ့အိမ်သူ့ယာလို ။

"ဟေ့ကောင် ချွဲဆူဘင်း ထတော့"

ခေါင်းမှောက်ထားသည့်စားပွဲခုံကိုကန်ရင်းပြောတော့ စိတ်ရှုပ်ဟန်နဲ့ထလာသည် ။

"Shit! ထတော့ဟ ကျောင်းတက်တော့မယ်"

"ဂန်ထယ်ဟျွန်းရာ ကျောင်းတက်တာကိုအဆန်းလုပ်လို့ကွာ"

"ကျောင်းသားအသစ်ရောက်လာတယ်တဲ့"

"မင်းဘဲ လုပ်လိုက်တော့ငါကတော့တော်ပြီ"

"ဘာလို့?"

"ငါ့ကိုကိုက လိမ္မာဖို့ပြောထားလို့"

ပြောပြီးမျက်လုံးမှိတ်ပြလာသည်မို့ သူ့မှာ"ခွေးကောင်"ဟု ခပ်တိုးတိုးပြောလိုက်သည်။

မကြာခင်မှာဘဲ ခေါင်းလောင်းတီးသံနဲ့အတူ ကျောင်းသူ ကျောင်းသားတွေမှာအခန်းထဲကိုတစ်ဖွဲဖွဲရောက်လာသည် ။

"ကဲကဲ အကုန်လုံးသေချာနားထောင်ကြ ဒီနေ့ကျောင်းသားအသစ်ရောက်လာတယ် သားလေးဝင်လာပြီးနှုတ်ဆက်လိုက်ပါဦး"

ဆရာမစကားဆုံးသည်နှင့်အခန်းထဲကိုခပ်ကုပ်ကုပ်ဝင်လာသည့်ကောင်လေးကို သူသေချာစိုက်ကြည့်မိသည် ။

နေပါဦး ရင်းနှီးနေသလိုဘဲ ။တစ်နေရာရာမှာ တွေ့ဖူးနေသလိုမျိုး ။
သူတွေးနေတုန်းမော့လာသည့်မျက်နှာလေးနှင့်အတူ ထွက်လာသည့်အသံကြောင့် သူကြောင်အသွားသည် ။

"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော့်နာမည်ကချွဲဘောမ်ဂယူပါ ဒီကျောင်းကိုအခုမှရောက်တာဖြစ်လို့မသိတာတွေရှိရင်လည်းပြောပြပေးကြပါဦး"

taegyu oneshot collectionWhere stories live. Discover now