Uni✔
"ကျွန်တော်အကုန်လုံးကိုပြောစရာရှိတယ်"
တိတ်ဆိတ်နေတဲ့ထမင်းစားခန်းထဲတွင်ထွက်လာသည့် စကားသံအဆုံးတွင်အိမ်၏အာဏာအရှိဆုံးဖြစ်သည့်Kang HyunSik တစ်နည်းအားဖြင့် Kangအိမ်တော်ရဲ့အဘိုးဖြစ်သူ။အဘိုးဖြစ်သူရဲ့မျက်စောင်းထိုးနေရာမှာထိုင်နေသူကတော့ သူ့ရဲ့ဖခင်ဖြစ်သူ Kang TaeSik
"ကျွန်တော့်ရဲ့mateကိုတွေ့ပြီ"
"ဘယ်မျိုးရိုးကလည်း"
"ချွဲမျိုးရိုးက"
"ချွဲယူရီလား ချွဲဘောမ်ဂယူလား ချွဲယောန်ဂျွန်းလား"
"ချွဲမျိုးရိုးက ချွဲဘောမ်ဂယူ"
"ဘ...ဘာ မင်းရဲ့mateက ယောင်္ကျားလေးတစ်ယောက်လား"
"အင်း"
"မင်းတို့ကိုသဘောမတူနိုင်ဘူး ဂန်ထယ်ဟျွန်း"
"မတူနိုင်လည်းသူ့ကို markပြီးပြီ"
"ဂန်ထယ်ဟျွန်း မင်းကွာ"
"တော်ကြတော့ ဂန်ထယ်ဟျွန်းမနက်ဖြန်အဲ့ကောင်လေးကိုအိမ်တော်ဆီခေါ်လာခဲ့"
"Nae"
အဘိုးကခွင့်ပြုလိိုက်ပြီဆိုတော့ ထယ်ဟျွန်းမှာပါးချိုင့်လေးပေါ်သည်အထိပြုံးရင်းထမင်းစားခန်းထဲကထွက်သွားခဲ့သည်။
"အဖေ ဘာလို့ခွင့်ပြုလိုက်တာလည်း"
"ထယ်ဟျွန်းကအသက်ကြီးနေပြီTaeSikကလေးမဟုတ်တော့ဘူး သူ့မှာလည်းသူ့ရွေးချယ်ခွင့်နဲ့သူဘဲ ဒါကြောင့်မချုပ်ချယ်နဲ့"
"အဖေ ကျွန်တော်သူ့ကိုချုပ်ချယ်နေတာမဟုတ်ဘူး ဒါကသူ့တစ်ဘဝလုံးနဲ့သက်ဆိုင်နေတယ်လေ"
"စိတ်မပူနဲ့ ငါစဥ်းစားထားတာရှိပါတယ်"
~~~
ကားကို ပါကင်တွင်သေချာရပ်ခဲ့ရင်း အခန်းတစ်ခန်းရှေ့အရောက်တွင်ဖုန်းကိုထုတ်လိုက်သည်။လက်ထဲကအထုပ်တွေကိုကြည့်လိုက်ရင်း ဖုန်းဆက်မည့်အစီအစဥ်ကိုပယ်ဖျက်လိုက်တော့သည်။
Passwordကိုနှိပ်လိုက်သည်နှင့် တံခါးပေါက်မှာပွင့်သွားသည်မို့ နောက်ထပ်အခန်းတစ်ခန်းရှိရာကိုထပ်ရောက်သွားသည်။တံခါးပေါက်ကိုဖွင့်လိုက်သည်နှင့် ကုတင်ထက်အဖြူရောင်ညအိပ်ဝတ်စုံနှင့်ကွေးကွေးလေးအိပ်ပျော်နေတဲ့သူလေးကိုကြည့်ရင်း မျက်နှာထက်အပြုံးတို့ကဖြစ်တည်လာသည်။