Forest Of Vampires(P-1)

130 8 0
                                    

Uni✔

Recommend Song:အိမ်မက်ငိုတော by-Eternal Gosh

~~~

"အာ ဝူးးးးးး"

ဆွဲဆွဲငင်ငင်အူလိုက်သည့် ဝံပုလွေရဲ့အသံဟာသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုတုန်ယင်သွားသည်အထိ ကြောက်ဖို့ကောင်းလှသည်။

"ကယ်...ကြပါ"

"ကယ်ပါဦး ကယ်ကြပါဦး"

"အား!"

ဘယ်တစ်ဖက် ညာတစ်ဖက်ကြားနေရသောအသံတွေကိုကြားနေရသည့်သူဟာနားနှစ်ဖက်လုံးကိုဖိပိတ်ရင်းငိုကြွေးမိတော့သည်။ကြောက်သည်။
ဘယ်နေရာမှန်းမသိသည့် ဒီနေရာကိုသူကြောက်သည်။

"ကူညီပါ..ဦး"

တစ်တောလုံးတွင်လည်း အကူအညီတောင်းနေသည့်အသံများနှင့်ပြည့်နှက်နေသည်။

"ကယ်...ပါ"

"အာ ဝူးးးး!"

"အားးးးးးးးး!!"

ဘောင်းဘီကိုလာဆွဲသည့်လက်တစ်ဖက်ကြောင့် လျှပ်တပြတ်ဖြစ်သွားပြီးငုံ့ကြည့်မိရာမှကြောက်ဖို့ကောင်းသည့်ကလေးတစ်ယောက်ရဲ့ပုံစံကြောင့်သူ့မှာလိပ်ပြာလွင့်မတတ်ဖြစ်သွားရသည်။

ထိုကလေးဟာဦးနှောက်ပွင့်နေပြီး မျက်လုံးတစ်လုံးမှာကျွတ်ထွက်နေကာ တစ်ဖက်မှာကျွတ်ထွက်မလိုဖြစ်နေသည်။ပြီးနောက်ထိုကလေးရဲ့ဗိုက်တွင်လည်း အူတွေမှာတွဲလောင်းကျနေသည်။

"ဟင့် လွှတ်..ငါ့ကိုလွှတ်"

ခြေထောက်ကိုဆွဲထားသည်မှာဘယ်လိုလုပ်လုပ်မလွှတ်ပေးသည်မို့ သူ့ရဲ့ခေါင်းတွေမူးနောက်လာပြီး လူဟာလည်းသတိလစ်သွားခဲ့သည်။

ခန္ဓာကိုယ်ပေါ်တစ်ရစ်ရစ်တက်လာသည့် အနွေးငွေ့ကိုခံစားလိုက်ရသော်လည်း ဘာဆိုဘာမှသူမသိနိုင်တော့။

"အားလုံးရပ်ကြစမ်း!"

ဒေါသတကြီးအော်သံဟာတစ်တောလုံးကိုပျံ့နှံ့သွားပြီး တောအတွင်းတွင်ရှိနေသမျှဝိညာဥ်တွေမှာလည်းပြားပြားဝပ်ကုန်ကြသည်။

"လူသားတစ်ယောက်ကိုဒီလိုဖြစ်အောင်အထိလုပ်နေကြတာလားမင်းတို့တွေ
သူကမင်းတို့ကိုရန်ပြုလို့လား"

taegyu oneshot collectionWhere stories live. Discover now