I Love You

92 12 0
                                    

Uni✔

ကော်ဖီဆိုင်တွင်မျက်နှာချင်းဆိုင်ထိုင်နေကြသောကောင်လေးတစ်ယောက်နှင့်ကောင်မလေးတစ်ယောက်။ထိုကောင်လေးရဲ့အကြည့်တွေကတည်ငြိမ်နေသလောက် ထိုကောင်မလေးကတော့အရှေ့ကကောင်လေးကိုသဘောကျနေဟန်။

"အကိုထယ်ဟျွန်း ဘာသောက်မလဲ"

"ဟင့်အင်း ကိုယ်မသောက်တော့ပါဘူး"

"ဘာလို့လည်းအကိုရဲ့ ညီမဝယ်တိုက်မှာပါ"

"အကိုမသောက်ချင်လို့ပါ"

"ဒါဆို ကာပချီနိုတစ်ခွက်ဘဲပေးပါနော်"

"ဟုတ်ကဲ့"

စားပွဲထိုးလေးထွက်သွားသည်နှင့် သူတို့ကြားကလေထုကအေးစက်စက်။
တံခါးဖွင့်သံနှင့်အတူ ဘဲလ်သံလေးပါကြားလိုက်ရသည်ကြောင့် ဘာရယ်မဟုတ်ကြည့်လိုက်မိတော့တွေ့လိုက်ရသူကြောင့်သူ့မှာအံ့သြသွားရသည်။

ထိုကောင်လေးကလည်းသူ့ကိုတွေ့သည်နှင့်အံ့သြသွားကာ သူ့အရှေ့ကကောင်မလေးကိုကြည့်ရင်းမျက်ဝန်းလေးတွေကဝမ်းနည်းရိပ်သန်းသွားသည်။

ထို့နောက်ဘာမှမဖြစ်ခဲ့သလိုသူတို့နဲ့မျက်စောင်းထိုးခုံတွင်ဝင်ထိုင်လေသည်။

"အကိုထယ်ဟျွန်း"

"အင်း"

"ညီမကိုသဘောမကျဘူးလား"

"ကိုယ်ဝန်ခံရမယ်ဆိုရင် ကိုယ်မင်းကိုသဘောမကျဘူး ကိုယ်မင်းကိုလည်းမလိမ်ချင်ဘူး"

"ညီမကတော့အကို့ကိုသဘောကျတယ် ညီမနဲ့လက်ထပ်ပါ"

"အကိုငြင်းတယ်"

"တစ်ဆိတ်လောက်"

ခပ်စွာစွာအသံလေးကြောင့်သူကြည့်မိတော့ ခုနကဆိုင်ခန်းထဲဝင်လာသည့်ကောင်လေး။

"ဂယူ"

"ဒါက ကျွန်တော့်ကောင်လေးမို့အဲ့လိုမျိုးအတင်းအကျပ်မလုပ်ချင်ပါနဲ့ အခုတော့သူ့ကိုခေါ်သွားပါတော့မယ်"

ပြောပြီးနောက်သူ့ရဲ့လက်ကိုဆွဲလာသည်မို့မတ်တပ်ထရပ်လိုက်ရင်းဆွဲခေါ်ရာနောက်ကိုလိုက်ခဲ့လိုက်သည်။

တစ်နေရာအရောက်တွင်တော့ဂယူကရပ်တန့်လိုက်သည်။
ထိုနေရာကိုလှည့်ပတ်ကြည့်မိတော့ ပင်လယ်ကမ်းစပ်လေးပင်ဖြစ်သည်။ဒါသူတို့ရည်းစားဖြစ်ခါစက dateခဲ့သည့်နေရာမဟုတ်ပါလား။

taegyu oneshot collectionWhere stories live. Discover now