Interview

93 10 0
                                    

Uni✔

"Hello! ကိုယ်ကဂန်ထယ်ဟျွန်းပါ"

"Hello! ကျွန်တော်က ချွဲ...အယ် ဂန်ဘောမ်ဂယူပါ"

"ရောက်လာကြပြီဘဲ ထိုင်ကြပါဦးရှင့်"

"Nae ကျေးဇူးတင်ပါတယ်"

အရှေ့ကဆိုဖာပေါ်ဝင်ထိုင်လိုက်ပြီးနောက်တွင်တော့ ဆိုဖာပေါ်ကသူတို့ကိုပြုံးကြည့်လာသည့်Yuriကိုကြည့်ရင်းပြန်ပြုံးပြလိုက်သည်။

"ဒီနေ့ခေါ်ရတဲ့အကြောင်းအရင်းကတော့ interviewလေးနည်းနည်းလုပ်ချင်လို့ပါ
အဆင်ပြေတယ်မလားရှင့်"

"ဟုတ်ကဲ့ ပြေပါတယ်"

"ကဲဒါဆို interviewလေးကိုစလိုက်ကြတာပေါ့"

~~~

"ပထမဆုံးမေးခွန်းအနေနဲ့ ထယ်ဟျွန်းနဲ့ဘောမ်ဂယူကဘယ်ကနေစတွေ့ခဲ့ကြတာလည်း"

"ကျွန်တော်တို့လား ကျွန်တော်တို့ကလွန်ခဲ့တဲ့ငါးနှစ်ဆောင်းရာသီမှာစတွေ့ခဲ့တာပါ"

"ဆောင်းရာသီ?"

"အဲ့တုန်းကမှတ်မှတ်ရရဆိုရင် ဂယူကနှင်းတွေကြားမှာကလေးတစ်ယောက်လိုဆော့နေတာ အဲ့တုန်းကကျွန်တော်တောင်သတိမထားမိလိုက်ဘဲဂယူ့ကိုအကြာကြီးငေးနေမိတာ
ပြီးတော့ကျွန်တော်တွေးလိုက်မိသေးတာက ခွေးပေါက်လေးကျနေတာဘဲ ဆိုပြီးတော့လေ"

"ဟမ် ငါအတည်ကြီးအဲ့လိုဆော့နေခဲ့တာလား"

"အတည်ပေါ့ဂယူရဲ့"

"ငါနဲ့မင်းနဲ့အဲ့တုန်းကစခင်ခဲ့တာလေ ငါနှင်းခဲပစ်ပေါက်လိုက်တာ မင်းမျက်နှာကိုမှန်သွားတာလေ အဲ့တုန်းက ငါတော်တော်စိတ်ပူသွားတာ နှင်းခဲကလည်းကြီးတဲ့အပြင် မှန်သွားတာကလည်းမျက်နှာဆိုတော့လေ"

"ဟားဟား အဲ့တုန်းက ဂယူကကျွန်တော့်ကိုနှင်းခဲနဲ့ပစ်ပေါက်ပြီးတော့အနားကိုလာရင်း
'အဆင်ပြေရဲ့လား ဘာဖြစ်သွားသေးလည်း နာသွားသေးလား ဆေးခန်းသွားဖို့ရောလိုသေးလား ငါတောင်းပန်ပါတယ်'ဆိုပြီးတော့စကားတွေမနားတမ်းပြောနေတာ"

"ငါအတည်ပြောတာ အဲ့တုန်းတော်တော်လန့်သွားတာ နောက်ပြီးတော့ပစ်မိသွားတဲ့လူကလည်းကိုယ်နဲ့မသိတဲ့သူဆိုတော့လေ"

taegyu oneshot collectionWhere stories live. Discover now