Phile

84 9 3
                                    

Uni✔

"အခုဘယ်သွားနေတာလည်း"

"ကိုယ်တို့စကားသေချာပြောလို့ရမဲ့နေရာ"

"အင်း"

အေးစက်သွားသောလေထုကြောင့် ဘောမ်ဂယူကဘေးကထယ်ဟျွန်းကိုမသိမသာလေးလှည့်ကြည့်သည်။စူးရှရှမျက်ဝန်းတွေကအရှေ့ကိုသာကြည့်နေပြီး ဆုံးဖြတ်ချက်တစ်ခုကိုချနေဟန်။

"ရောက်ပြီ"

ဆယ့်ငါးမိနစ်လောက် မောင်းပြီးနောက်ရောက်လာသည့်နေရာ။
သူကားပေါ်ကဆင်းဖို့လုပ်တော့ထယ်ဟျွန်းက ကားlockကိုချရင်းသူ့လက်ကိုဆွဲကိုင်လာသည်။

"ထယ်ဟျွန်း"

"ဘောမ်ဂယူ ကိုယ်နဲ့လိုက်ခဲ့ဖို့ဆန္ဒရှိလား"

"ထယ်ဟျွန်း မင်းဘာတွေပြောနေတာလည်း"

"ဘောမ်ဂယူ ကိုယ်မင်းကိုချစ်တာကိုလည်းသိတယ်မလား ကိုယ်နဲ့လိုက်ခဲ့မလား"

"ဟင့်အင်း မဖြစ်နိုင်ဘူး"

"ဘာလို့လည်း"

"အိမ်မှာ မေမေက..."

"ဘောမ်ဂယူ ကိုယ့်ဘက်ကိုကြည့်ပေးပါဦး"

"ငါလည်း မင်းဘက်ကိုကြည့်ပေးနေတာဘဲလေ ငါပင်ပန်းတယ်ထယ်ဟျွန်းရဲ့ ငါအရမ်းပင်ပန်းတယ် မင်းနဲ့မေမေဆိုရင်ငါဘယ်သူ့ကိုရွေးရမှာလည်း ဟမ် ငါလေ ငါ.."

ဆုပ်ကိုင်ထားသည့်သူ့ရဲ့လက်တွေဟာပြေလျော့သွားတော့သည်။သေချာပါသည်
ဘောမ်ဂယူကသူ့ကိုမဟုတ်ဘဲ သူ၏မေမေကိုရွေးတော့မည်ဆိုတာ။

ထိုသို့တွေးလို့လည်းသူဘောမ်ဂယူ့ကိုမယုံကြည်လို့မဟုတ်ပါ။သူဘောမ်ဂယူကိုယုံကြည်သည်။သို့သော်လည်းသူမယုံကြည်သည်ကဘောမ်ဂယူရဲ့မေမေဖြစ်သူကိုပင်။

"ဘောမ်ဂယူ အဲ့လိုနဲ့ဘဲမင်းကိုယ့်ကိုထားသွားတော့မှာ မင်းကိုယ့်ကိုထားသွားတော့မှာ"

မခံရပ်နိုင်စွာ သူခပ်ကျယ်ကျယ်အော်ရင်းစိတ်ရှိလက်ရှိငိုမိတော့သည်။

"ဘာလို့လည်း ကိုယ်ကမင်းအတွက်အရေးမပါဘူးလား ကိုယ်ကမင်းအတွက်ဘာကောင်ကြီးမှမဟုတ်ဘူးလား"

"ထယ်ဟျွန်းအဲ့လိုသဘောမျိုးမဟုတ်ပါဘူး မင်းကငါ့အတွက်အရေးပါပါတယ်
ဒါပေမယ့် မေမေ့ဆီမှာကနှလုံးရောဂါရှိနေတော့.."

taegyu oneshot collectionWhere stories live. Discover now