Arbitrary

60 9 0
                                    

Uni✔

"လမ်းခွဲကြရအောင်"

ခပ်ဖျော့ဖျော့ထွက်လာသည့် စကားသံဆုံးသည်နှင့် မျက်ဝန်းလှလှလေးတွေမှာ မယုံကြည်ခြင်းများစွာနဲ့သူ့ကိုကြည့်လာခဲ့သည်။

"ဘာပြောလိုက်တာလည်း"

"လမ်းခွဲကြရအောင်"

အရည်ကြည်လေးတွေရစ်သိုင်းလာတဲ့ မျက်ဝန်းလေးတွေကိုကြည့်ရင်းရင်ဘတ်ထဲအောင့်လာရသည်မို့ အကြည့်လွှဲလိုက်မိတော့သည်။

"ဘာလို့လည်း ငါ...ငါဘာမှားလို့လည်း"

"...."

ပြန်ဖြေမလာဘဲ အသံတိတ်နေတဲ့လူဟာ အကြောင်းပြချက်ရေရေရာရာဘဲမရှိတာလား
သို့တည်းမဟုတ် အကြောင်းပြချက်ကိုမဖြေချင်ဘဲနှုတ်ဆိတ်နေတာလားဆိုတာကို
ကာယကံရှင်ဘဲသိပါလိမ့်မည်။

"မောင် ငါ...ငါမေးနေတယ်လေ"

ပေါင်ပေါ်မှာထိုင်နေသည့်ကောင်ငယ်လေးဟာ သူ့ရဲ့မျက်နှာကိုမေးဖျားကနေခပ်ဖွဖွဆွဲမော့လိုက်ရင်း အကြည့်ချင်းဆုံစေကာခပ်တိုးတိုးပြောလာသည်။

"ဘာလို့လည်း"

"စိတ်ကုန်သွားလို့"

"ဘာ...စိတ်ကုန်သွားလို့?"

မောင်လိမ်နေတာပါ ဂယူရယ်ဟုပြောလိုက်ချင်သော်လည်း ပြောမထွက်ပေ။

"ငါ့ကိုအပျော်တွဲခဲ့တာလား မောင်"

"အင်း အပျော်တွဲခဲ့တာ"

သူ့ရဲ့မေးဖျားကိုခပ်ဖွဖွလေးကိုင်ထားသည့်လက်လေးတွေမှာပြေလျော့သွားပြီး
သူ့ရဲ့ပုခုံးကိုဆုပ်ကိုင်ရင်း ကလေးငယ်လေးတစ်ယောက်ကိုငိုကြွေးလာသည့် ဂယူ့ကိုကြည့်ရင်း ရင်တွေနာလာရသည်။

မောင်မရည်ရွယ်ပါဘူး ချစ်ရသူရယ်။
မောင်မင်းကိုနာကျင်အောင်လုပ်ဖို့မရည်ရွယ်ပါဘူး။

"ဘာကြောင့်လည်း..."

"ဘာကြောင့် ငါ့ကို...ငါ့ကိုအဲ့လိုလုပ်ရတာလည်း"

အယုံလွယ်သည့် ချစ်ရသူကိုသူဘယ်လိုစိတ်ချရပါ့မလည်း။သူ့စကားကိုဆိုအယုံလွယ်သည့် ချစ်ရသူဟာယခုလိုအချိန်မျိုးမှာတောင် သူ့ကိုယုံနေပါသည်တဲ့ ။

taegyu oneshot collectionWhere stories live. Discover now