Oh baby. You're wrong!(short)

76 12 0
                                    

Uni✔

"ခင်ဗျားဘာလုပ်တာလည်း!"

တစ်အုပ်လုံးနီးပါးစိုသွားပြီဖြစ်သော text bookလေးကြောင့် သူဒေါသထွက်စွာဆိုမိတော့သည်။

"အိုး တောင်းပန်ပါတယ်နော် ထယ်ဟျွန်းလေး"

"ကျစ်! ချွဲဘောမ်ဂယူ ခင်ဗျားဘယ်အချိန်အထိကျုပ်ကိုနှောင့်ယှက်နေဦးမှာလည်း"

"ပြောပြီးသားလေ မင်းကျောင်းမပြောင်းခင်အထိ"

"ဟား ရယ်စရာတွေပြောတတ်သားဘဲနော် ဟုတ်ပြီလေ ခင်ဗျားကဘဲကျောင်းပြောင်းသွားအောင်လုပ်နိုင်မလား ကျုပ်ကဘဲသည်းခံနိုင်မလားဆိုတာ"

"ချွဲဘောမ်ဂယူလုပ်လို့ကျောင်းမပြောင်းဘူးဆိုတဲ့သူမရှိတာကိုမင်းမသိတာလား"

"ဒါပေမယ့်အဲ့လူတွေထဲမှာ ကျုပ်မပါဘူးဆိုတာခင်ဗျားလည်းမသိတာလား"

"အဆုံးထိတောင့်ခံမယ့်ပုံဘဲ ဟုတ်ပြီလေ စမ်းကြည့်ကြတာပေါ့"

"ထိုးမလား ချွဲဘောမ်ဂယူ"

"ဘာပြောတယ်"

"ကျုပ်နဲ့ထိုးမလားလို့"

"ကောင်းပြီလေ မနက်ဖြန်**clubကိုလာခဲ့ ငါအခန်းကိုကြိုတင်ယူထားမယ် ဒါပေမယ့်မင်းဘယ်သူ့ကိုမှမခေါ်လာရဘူး"

"လက်ခံတယ်"

The Next Day~

"ရောက်လာသေးတာဘဲ"

"ဒါပေါ့ မရောက်လာလို့မဖြစ်ဘူးလေ ဒီနေ့
ချွဲဘောမ်ဂယူကို နောက်တစ်ခေါက်ရန်မစရဲအောင်လုပ်မလားလို့လေ"

"ဟျောင့် အပြောမစောသေးနဲ့လေ"

ပြုံးစစနဲ့ပြောလာသည့်ဘောမ်ဂယူကိုကြည့်ရင်း ထယ်ဟျွန်းရဲ့စိတ်တွေဟာ မြူးတူးနေသလို။

ကြည့်ထားစမ်းပါ။ခင်ဗျားကိုအနိုင်ယူရင်းခင်ဗျားက ကျုပ်အပိုင်ဖြစ်လာမှာ။

ချွဲဘောမ်ဂယူတဲ့။အဖေဖြစ်သူနဲ့လိုက်သွားရင်းတွေ့ခဲ့တဲ့အလှလေး။သဘောကျသည်မို့စုံစမ်းကြည့်တော့ Faster Private School ရဲ့လူမိုက်လေးဟုနာမည်ကျော်သည်။

ကျောင်းပြောင်းလာသည့်သူတိုင်းကို မထွက်ထွက်အောင်ပြုလုပ်တတ်သည်ဟု အကုန်လုံးကပြောကြသည်။သူ့ဖခင်ဖြစ်သူကိုသဘောကျကြောင်းမပြောခင်မှာပင် ဖခင်ဖြစ်သူကသူနဲ့ဘောမ်ဂယူကို စေ့စပ်ပေးမည်ဖြစ်ကြောင်းပြောကာသူ့ကိုသဘောကျလားမေးသည်။သူကသဘောမကျရင်စေ့စပ်ပွဲဖျက်မည်ဟုလည်းပြောသည်။သို့သော်လူလေးကအလှလေးမို့ ဂန်ထယ်ဟျွန်းတို့က သဘောမကျစရာအကြောင်းမရှိ။

You've reached the end of published parts.

⏰ Last updated: Apr 16 ⏰

Add this story to your Library to get notified about new parts!

taegyu oneshot collectionWhere stories live. Discover now