About
3.3K 82 7
ဒီ fiction လေးကို အစက ကျွန်တော် လုပ်မယ့် project တစ်ခုအတွက် one shot လေးအဖြစ် ရေးခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အကျင့်အတိုင်းပဲ ရေးရင်းနဲ့ plot တွေက ကျယ်ပြန့်လာပြီး ရှည်လာပါတော့တယ်။ အဲ့ဒါကြောင့် project မှာ မသုံးတော့ဘဲ ဒီမှာ လာတင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အရင်ကတော့ ဒီဟာလေးကိုပဲ e book အဖြစ် project အသစ်တစ်ခု လုပ်ခဲ့ဖို့ စိတ်ကူးရှိပေမဲ့ wattpad က အနည်းငယ်သော စာဖတ်သူလေးတွေကို အလေးထားတဲ့အနေနဲ့ ဖတ်စေချင်တာရောကြောင့် wattpad မှာပဲ တင်လိုက်တာပါ။
ဇာတ်လမ်းပုံစံတွေ ဘာတွေတော့ မပြောတော့ဘူးနော်။ ဖတ်ကြည့်ကြပါ။ စိတ်ကူးထဲက ဇာတ်ကောင်လေးတွေကို မျှဝေလိုက်ပါတယ်။
အတတ်နိုင်ဆုံး ဇာတ်လမ်းဇာတ်ကွက်၊ ဇာတ်ကောင်စရိုက်တွေကို ကြိုးစားပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ ကျွန်တော်သွားနေကျအတိုင်း အေးအေးငြိမ့်ငြိမ့်လေးပဲ သွားမှာပါ။ နယ်မြို့လေးတစ်မြို့က အထက်တန်းကျောင်းတစ်ခုမှာ ဖြစ်ပျက်ခဲ့တဲ့ သံယောဇဥ်အဖုံဖုံ။ သူငယ်ချင်းသံယောဇဥ်၊ ဆယ်ကျော်သက်အရွယ် ကြုံတွေ့ရတဲ့ လမ်းပျောက်မှုတွေ၊ အိမ်ပြဿနာတွေနဲ့အတူ ညီအစ်ကိုသဘောမျိုးဆန်တဲ့ ချစ်ခြင်းမေတ္တာကို ကြိုးစားပုံဖော်ထားပါတယ်။
***
မျက်လုံးလေးတွေ၊ ကြယ်လေးတွေ၊ comment လေးတွေ တိုးလာရင် ပျော်တာပေါ့နော်။ သဘောကျရင် ကြယ်လေးတွေ ကြဲချခဲ့ပါ။ ^_^
up ကတော့ အတတ်နိုင်ဆုံး မှန်အောင် ကြိုးစားပေးပါ့မယ်ဗျ။
🤍🤍🤍
🤍🤍🤍
ကြယ်ပြာလေးသို့ တီးတိုးပြောသံWhere stories live. Discover now