Part 7 (U/Z)

540 34 30
                                    

စာရွက်ဖြူလေးကို စူးစိုက်၍ ကြည့်နေသော ကိုကိုလေး၏ မျက်လုံးများ အနည်းငယ် ကျဥ်းသွားပြီး မျက်ခုံးနှစ်ဖက် တွန့်ကျိူးသွားသည်။ ပြီးနောက် နားရွက်ထိပ်ဖျားလေးများ မသိမသာ ရဲတက်လာပြီး ကျွန်တော့်ကို လှမ်းကြည့်၏။

"မင်း ဒီစာကို ဖတ်လိုက်သေးလား"

ကျွန်တော် ရယ်ချင်သွားသောစိတ်ကို အတော်ထိန်းချုပ်လိုက်ရပါသည်။

"မဖတ်လိုက်ပါဘူး ... ဘာတွေ ရေးထားလို့လဲ"

ကျွန်တော် သူ့လက်ထဲမှ စာရွက်ကို လှမ်းယူရန် ဟန်ပြင်လိုက်တော့ သူက လက်ကို ဖျတ်ခနဲ အနောက်သို့ ဆုတ်ပစ်လိုက်သည်။

"ဘာမှ မဟုတ်ပါဘူး၊ စာ ရတယ်ဆိုတဲ့ အကြောင်းပဲ ရေးထားတာ"

ကျွန်တော် တစ်ဖက်သို့ လှည့်ပြီး သူ မမြင်အောင် ခွီးခနဲ ရယ်ပစ်လိုက်သည်။ အတန်ကြာမှ မျက်နှာပိုး သတ်ကာ သူ့ကို ကြည့်နေလိုက်သည်။

"ကိုယ်သွားပြီနော် ... ၊ ညနေ ပြန်စရာ အဖော်မရှိရင် ကိုယ်နဲ့လိုက်ခဲ့"

"မလိုက်တော့ဘူး၊ ခွန်စိုင်းတို့နဲ့ ပြန်မှာ"

ကျွန်တော် ချက်ချင်းပင် ငြင်းပစ်လိုက်မိသည်။ ကိုကိုလေးနှင့်အတူ မပြန်ချင်ပါ။ ဘာကြောင့်မပြန်ချင်ရသလဲဟု အကြောင်းပြချက်တော့ ရှာလို့မရ ... ။ ကျွန်တော် ဘောင်းဘီဘေးအိတ်ထဲသို့ လက်နှိုက်ကာ တစ်ဖက်သို့ လှည့်ပြီး ခြေလှမ်း နှစ်လှမ်း သုံးလှမ်းလောက် လှမ်းပြီးမှ အနောက်သို့ ပြန်၍ လှည့်ကြည့်ဖြစ်သည်။ ကိုကိုလေးက ကျွန်တော့်ကို လှည့်မကြည့်ပါ။ တဖြည်းဖြည်း ဝေးသွားသော ကျောပြင်ငယ်ကိုသာ မြင်ရသည်။ ကျွန်တော်လည်း အကြည့်ပြန်လွှဲ၍ ကျောင်းဆောင်ဘက်သို့သာ ခပ်သွက်သွက် လျှောက်လာခဲ့ပါသည်။

ကျောင်းခန်းထဲသို့ရောက်တော့ ထုံးစံအတိုင်း အုပ်စိုးနှင့် ခွန်စိုင်းကို တွေ့ရ၏။ သူတို့က အမြဲလိုလို ကျွန်တော့်ထက်အရင် ရောက်သည်။

"တေးလေး ... ဒီနေ့ မင်း ပါးပါး ခရီးထွက်သွားတယ်ဆို"

ကျွန်တော် ထိုင်ခုံကို အနောက်သို့ ဆွဲပြီး ထိုင်လိုက်၏။ ထို့နောက် စာရေးစားပွဲပေါ် လက်တင်လိုက်ရင်း ...

ကြယ်ပြာလေးသို့ တီးတိုးပြောသံWhere stories live. Discover now