Part 16 - 1 (U/Z)

468 27 5
                                    

နွေရာသီ ကျောင်းပိတ်ရက်တွင် ဘာသင်တန်းတက်မလဲဟု ဖေဖေမေးသောအခါ ကျွန်တော် ကြိုတင်စဥ်းစားထားသည့်အတိုင်းပင် ပန်းချီသင်တန်းတက်မည်ဟု မဆိုင်းမတွ ဖြေခဲ့သည်။ ကိုကိုလေးကတော့ ထွေထွေထူးထူး မစဥ်းစားဘဲ ကျွန်တော်တက်သည့်သင်တန်း လိုက်တက်မည်ဟု ပြော၏။ ဖေဖေကလည်း ကျွန်တော်တို့ ဆန္ဒကိုသာ လိုက်လျောကာ ပန်းချီသင်တန်းတစ်ခုကို ရှာဖွေ၍ အပ်ပေးခဲ့သည်။

ပန်းချီသင်တန်းတည်နေရာက ဝန်ထမ်းအများစု နေကြသော တိုက်ခန်း၏ အဆောက်အဦး၏ တတိယအထပ်တွင် ဖြစ်သည်။ စနေ၊တနင်္ဂနွေ နှစ်ရက်သာ ပိတ်ရက်ဖြစ်ပြီး ကျန်ရက်များတွင် ညနေ သုံးနာရီမှ ငါးနာရီအထိ အတန်းတက်ရသည်။ ကိုကိုလေးက ကျွန်တော်တက်လို့သာ လိုက်တက်တာ တကယ်တမ်းကျ သူ ပန်းချီကို ဘယ်လိုမှ စိတ်မဝင်စားပေ။ ဆရာ ဝင်ပြီး နာရီဝက်လောက်နေသောအခါ စားပွဲခုံပေါ်တွင် ခေါင်းမှောက်လျက် အိပ်ပျော်နေပြီဖြစ်၏။ တစ်နေ့ တစ်နေ့ ကိုကိုလေး၏ စာအုပ်ထဲတွင် မယ်မယ်ရရပုံတစ်ပုံမှ မရလိုက်။ ဟိုကွေးသည်ညွှတ် မျဥ်းကြောင်းလေး နှစ်ကြောင်းသုံးကြောင်းသာရှိပြီး စာမျက်နှာတိုင်းလိုလို ပြောင်ချော... ။

အတန်းချိန်တွင် ကိုကိုလေး စိတ်ဝင်စားသည့် အချိန်တစ်ချိန်တော့ရှိသည်။ အဲ့တာက ဗင်းဆင့်၏ ပန်းချီများ၊ ပါဘလိုပီကာဆို၏ ပန်းချီများ၊ ပေါကလီး၏ ပန်းချီများ၊ မိုက်ကယ်အန်ဂျလို၏ ဒေးဗစ်ရုပ်ထုကဲ့သို့သော ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့် ပန်းချီ၊ ပန်းပု လက်ရာများကို ဆရာက ပရိုဂျက်တာနဲ့ ထိုးပြသည့်အခါ ကိုကိုလေး၏ မျက်လုံးတို့တွင် စိတ်ဝင်စားမှုဖြင့် တောက်ပနေတတ်သည်။ ကျွန်တော်က ပန်းချီပုံတူဖြစ်စေ၊ ရှုခင်းပုံဖြစ်စေ ဘယ်ပုံဘယ်နည်း ဆွဲရသလဲ စိတ်ဝင်စားချိန်တွင် ကိုကိုလေးကတော့ ပန်းချီတစ်ခုက ပေးချင်သော ရသ၊ ပန်းပုရုပ်တစ်ခုက ပြောချင်သော စကားကိုသာ စိတ်ဝင်စားလေသည်။

သင်တန်းတည်နေရာက ကျွန်တော်တို့အိမ်နှင့် သိပ်မဝေးသောကြောင့် ကျွန်တော်တို့နှစ်ယောက် ကျောင်းတုန်းကလိုပင် ကိုကိုလေးက စက်ဘီးနင်း၊ ကျွန်တော်က နောက်ခုံတွင် ထိုင်လိုက်ကာ သင်တန်းသွား သင်တန်းပြန် လုပ်ကြသည်။

ကြယ်ပြာလေးသို့ တီးတိုးပြောသံWhere stories live. Discover now