Part 9 (U/Z)

523 33 8
                                    

"မော်ကွန်း ... မော်ကွန်း"

ခြံတံခါးမှ လူခေါ်ခေါင်းလောင်းကို အဆက်မပြတ်တီးကာ အော်ခေါ်နေသော အသံကြောင့် ကျွန်တော် အိမ်ရှေ့သို့ ခပ်သွက်သွက် ပြေးထွက်လာလိုက်သည်။ အိမ်ရှေ့သို့ရောက်တော့ ခြံတံခါးတစ်ဘက်တွင် တစ်ခုခုကို စိုးရိမ်နေသည့် မျက်နှာထားဖြင့် ရပ်နေသော အုပ်စိုးကို မြင်ရသည်။ သူ့နောက်မှာကတော့ ခွန်စိုင်း ... ။ ကျွန်တော် ခြံတံခါးကို ခပ်သွက်သွက် ဆွဲဖွင့်ပေးလိုက်သည်။

"ဘာဖြစ်လို့လဲ ... "

အုပ်စိုး၏ မျက်ခုံးနှစ်ဖက် တွန့်ကျိုးနေပြီး ကျွန်တော့်ကို ခပ်တိုးတိုး ဆဲရေးလိုက်၏။

"မင်းဘာလို့ကျောင်းမလာလဲ"

"အာ ... အဲ့တာ"

"မလာဘူးဆိုရင်လည်း ငါတို့ကို ကြိုပြောလေကွာ၊ ခါတိုင်းလည်း ငါတို့ကို ပြောနေကျဆိုတော့ ... မပြောဘဲ ပျက်တော့ မင်းတစ်ခုခုဖြစ်နေတာလားလို့"

ကျွန်တော် အုပ်စိုးကို စိုက်၍ ကြည့်နေမိသည်။ အုပ်စိုးက ဖျတ်ခနဲ အကြည့်လွှဲလိုက်ပြီး အိမ်ထဲသို့ ပြေးဝင်ကာ သူ့ကျောပိုးအိတ်ကို ခုံတစ်ခုံပေါ် ပစ်တင်လိုက်သည်။ ကျွန်တော် အုပ်စိုးအနောက်သို့ ခပ်မြန်မြန် ပြေးသွားလိုက်သည်။ ခွန်စိုင်းကလည်း မျက်နှာထားတည်တည်ဖြင့် လိုက်လာ၏။

"ငါ အိမ်ကလူတွေကို ပြောခဲ့ပြီးပြီ ... ဒီည ဒီမှာ အိပ်မှာလို့"

"ဟမ် ... "

"ဟုတ်တယ် ... ခွန်စိုင်းရော၊ နေစမ်းပါဦး ... မင်းက ဘာလို့ကျောင်းမလာတာလဲ၊ နေမကောင်းတာလဲ မဟုတ်ဘဲနဲ့၊ အကြောင်းမကြား ဘာမကြားနဲ့ဆိုတော့ သေသွားပြီလားလို့"

ကျွန်တော် အုပ်စိုးဘေးတွင် ဝင်ထိုင်လိုက်ပြီး ...

"ဒီအတိုင်းပါပဲ ... စိတ်အဆင်မပြေလို့"

"ဘာလဲ ... မင်းဖားသားကြီးက ဖုန်းနဲ့ လှမ်းငေါက်လို့လား"

"မဟုတ်ပါဘူး ... "

"အဲ့တာဆို ဘာဖြစ်တာလဲ"

"မင်းတို့ သိလို့မရတဲ့ ကိစ္စကွာ"

"ဘာလဲ ... Crush က ငြင်းလိုက်လို့လား"

"မဟုတ်ဘူးကွာ ... အုပ်စိုး မင်းက တော်တော် စကားများတာပဲ"

ကြယ်ပြာလေးသို့ တီးတိုးပြောသံTahanan ng mga kuwento. Tumuklas ngayon