Part [ 1 ]

2.1K 211 205
                                    

"ပေါင်ပေ့"

သူခေါ်လိုက်တော့ လှည့်ကြည့်လာတဲ့ မျက်ဝန်းလေးတွေက ကြယ်လေးတွေမြုပ်နှံထားသလိုမျိုး။ ပြုံးပြလာတဲ့ အပြုံးလေးတွေကလည်း သူ့တစ်ယောက်တည်းကိုသာ ရည်ရွယ်နေခဲ့တာ

"မောင့်ကိုချစ်လား"

"ချစ်တာပေါ့။ ငါမောင့်ကို အများကြီးချစ်တာ"

"မောင်တို့ထွက်ပြေးကြမလား။ ပေါင်ပေ့ကို မခွဲနိုင်တော့ဘူး"

ရုတ်ချည်းဆိုသလိုပြောင်းလဲသွားတဲ့ မျက်နှာထားနဲ့အတူ သူ့ရင်ခွင်ထဲကနေ ကြောက်လန့်တကြားရုန်းထွက်သွားတယ်။

"ရူးနေလား ကင်ဂယူဗင် ။ ငါ မင်းနောက်ကို မလိုက်နိုင်ဘူး။
ငါ မင်းဆီက ထွက်သွားမှာ "

"ပေါင်ပေ့ မသွားရဘူး ! "

ဂယူဗင်က အော်ခေါ်နေပေမယ့်လည်း သူ့ကိုတစ်ချက်လေးတောင် လှည့်မကြည့်ပဲ ပြေးထွက်သွားတယ်။ အနောက်ကနေ အသားကုန်ပြေးလိုက်နေပေမယ့်လည်း ပိန်သွယ်သွယ်ဒီကောင်လေးကို သူဖမ်းလို့မမိဘူး။

ဖမ်းဖို့လက်လှမ်းလိုက်တိုင်း လျှစ်ခနဲရုန်းထွက်သွားတာ ဒီကောင်လေးက သူ့ဆီက ဘယ်လောက်တောင်မှ ထွက်ပြေးချင်နေတာလဲ။ မင်းပြောတော့ မောင့်ကို စတွေ့ထဲက ချစ်ခဲ့တာဆို

"ပေါင်ပေ့ !! "

အိပ်မက်ထဲ အလန့်တကြားအော်ခေါ်သံတွေဟာ အပြင်ထိတောင် ထွက်ပေါ်လာတဲ့အထိ။ အထက်တန်းကျောင်းသားဘဝတုံးက အဖြစ်အပျက်တွေကို အခုချိန်ထိ သူမမေ့နိုင်သေးသလို တခါတလေ အခုလိုအိပ်မက်တွေအနေနဲ့ သူ့ဆီရောက်ရောက်လာဆဲ။

သူ့ကိုမချစ်လို့ ထားသွားတဲ့သူကိုမှ ၅ နှစ်ကြာတာတောင် မမေ့မလျော့နဲ့ သတိရနေသေးတာ။ သူ့လောက်ရူး‌တဲ့သူ ဒီကမ္ဘာမှာ ရှိတော့မှာ မဟုတ်ဘူး။

သူ့အချစ်ကိုခုတုံးလုပ်ပြီး သူ့အမေရဲ့ပိုက်ဆံတွေနဲ့ နောက်ရည်းစားလက်ကိုဆွဲကာ ထွက်သွားတဲ့သူက မုန်းဖို့ကောင်းတယ် မဟုတ်ဘူးလား။ အဲ့ဒီအကြောင်းတွေ တွေးလိုက်တိုင်း ဂယူဗင်က ရှန်ချွမ်းရွေ့ကို သိပ်မုန်းမိတာပဲ။

ကုတင်ဘေးကနာရီကိုကြည့်လိုက်တော့ ၇ နာရီထိုးပြီမို့ အိပ်ရာကထကာ ရေမိုးချိုးရတယ်။ အကုန်ပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းလာတော့ ထမင်းစားခန်းမှာ သူ့မိဘတွေနဲ့အတူရှိနေတဲ့ ဂန်ဂျူယောင်း။

KIM'S Where stories live. Discover now