Part [ 8 ]

762 95 19
                                    

//မအိပ်သေးဘူးလား//

//ညနက်နေပြီကို စာလုပ်နေတုံးလား//

//မနက်ကျရင် ကျောင်းရှေ့မှာစောင့်နေမယ်နော်//

ချွမ်းရွေ့ဘက်က တစ်ခုခုပြန်မပြောမချင်း စာတွေဆက်တိုက်ပို့နေတာမို့ noti တတောင်တောင်နဲ့ ဘယ်လိုမှစာဆက်လုပ်လို့မရတော့။ ဂယူဗင်ပို့သမျှ ဝင်ကြည့်ချင်နေတဲ့စိတ်ကို စာလုပ်ချင်စိတ်နဲ့ မနည်းထိန်းထားရတာကို တစ်ဖက်က ကင်ဂယူဗင်က နားမလည်ဘူးထင်ပါရဲ့။

//ပေါင်ပေ့က ကိုယ်နဲ့စကားမပြောချင်ဘူးလား🥺//

အသဲယားစရာ Emoji လေးပို့လာတဲ့အခါ ချွမ်းရွေ့ဟာ ဂယူဗင်ရဲ့ ပါပီမျက်နှာလေးကို သတိသွားရတယ်။ အနှီကောင်လေးက ချွမ်းရွေ့မငြင်းနိုင်အောင် နည်းမျိုးစုံနဲ့ ချုပ်နှောင်ထားချင်နေတဲ့ပုံ။

//စာတွေမပြီးသေးလို့ ကျက်နေတာပါ။
စကော်လားရှစ်ဆိုတော့ အမှတ်နည်းလို့မဖြစ်ဘူးလေ//

//ဟုတ်တာပေါ့။ ကိုယ်မှားသွားတယ်။ ကိုယ့်ပေါင်ပေ့က စာလုပ်ရမှာကို နှောင့်ယှက်နေပြီ။ စာကြိုးစားနော် ဖိုက်တင်း //

ချက်ချင်းဆိုသလိုရောက်လာတဲ့ပြန်စာနဲ့အတူ Goodnight ဆိုတဲ့ Voice message ကိုပါ ပို့လာခဲ့သေးတယ်။ ချွမ်းရွေ့မှာ ထိုအသံကိုနားထောင်ပြီးတာနဲ့ ဘာစာမှဆက်မလုပ်နိုင်တော့ပဲ အိပ်ရာပေါ်မှာဟိုလှိမ့်ဒီလှိမ့်နေမိတော့တာပဲ။
ပါးနှစ်ဖက်ကို သူ့လက်တွေနဲ့စမ်းကြည့်တော့ သာမန်ထက်ပိုနေတဲ့ အပူချိန်။ အခုချိန်မှန်သွားကြည့်ရင် သူ့မျက်နှာက ရဲနေလောက်မှာ သေချာတယ်။

သူတစ်ဖက်သတ်ကြိုက်နေတဲ့ကောင်လေးက အခုလိုမျိုးတွေပို့လာတာ ဘယ်သူက ရင်မခုန်ပဲနေမှာလဲ !!!
အပိုပြောတာမဟုတ်ပေမယ့် ဂယူဗင်ရဲ့ အသံချိုချိုလေးက တကယ့်ကို အိပ်ရာဝင်တေးပဲ။

ချွမ်းရွေ့ဟာ ထိုအသံလေးကို ထပ်တလဲလဲနားထောင်ရင်း အိပ်စက်လိုက်တော့တယ်။ ချွမ်းရွေ့ရဲ့ အိပ်မက်ထဲမှာတော့ ဂယူဗင်ဟာ သူ့ကို ချစ်တယ်ဆိုပြီး ဖွင့်ပြောနေလေရဲ့ ။

-

-

"ပေါင်ပေ့ !!! "

ချွမ်းရွေ့ကိုလှမ်းမြင်လိုက်တာနဲ့ ဂယူဗင်ဟာ ကျောင်းရှေ့မှာရပ်နေရာကနေ သူ့ရှေ့ကိုပြေးလာကာ ချွမ်းရွေ့လက်ထဲကစာအုပ်တွေကို အတင်းဆွဲယူတော့သည်။ ချွမ်းရွေ့က သူကိုင်နိုင်ပါတယ်လို့ပြောလည်း လက်မခံပဲ အတန်းရှေ့ထိ တောက်လျှောက်သယ်လာပေးတယ်။

KIM'S Where stories live. Discover now