Part [ 10 ]

621 86 82
                                    

တစ်ယောက်တစ်ခွန်းစကားတွေများပြီးထဲက သူနဲ့ ချွမ်းရွေ့ကြား တိတ်ဆိတ်သွားခဲ့တယ်။ တစ်ခုံတည်းထိုင်နေရာကနေ ချွမ်းရွေ့က ရှေ့ဆုံးတန်းကတစ်ယောက်နဲ့ နေရာလဲလိုက်တာမို့ ဂယူဗင်ဘေးကို တခြားကောင်လေးတစ်ယောက်ကရောက်လာတယ်။

အရင်ကဆို မနက်တိုင်း ချွမ်းရွေ့ကို ဂယူဗင်ကအတန်းရှေ့မှာဖြစ်ဖြစ်၊ ကျောင်းရှေ့မှာဖြစ်ဖြစ်စောင့်တတ်တယ်။ အခုနောက်ပိုင်းမှာတော့ အရင်လိုမစောင့်ဖြစ်တော့ပဲ ဂယူဗင်က သာမန်ထက်တောင်ကျောင်းနောက်ကျလာတယ်။
ကန်တင်းအတူတူသွား၊ အတူတူစား၊ အတူတူသွားလာနေတဲ့ဆက်ဆံရေးက အက်ကြောင်းတွေထပ်ပြီး မျက်နှာချင်းတောင်မဆိုင်ဖြစ်‌ကြတော့ဘူး။

သူနဲ့ချွမ်းရွေ့ကြား ဘာတွေဖြစ်သွားခဲ့လဲမသိပေမယ့် အခုချိန်မှာတော့ သူတို့နှစ်ယောက်ဟာ အရင်လိုပုံစံမျိုးထပ်မဖြစ်နိုင်တော့ဘူး။

ချွမ်းရွေ့က ဂယူဗင်ကို အတ္တကြီးတယ်လို့ပြောတယ်။ ဒါပေမယ့် ဂယူဗင်ရဲ့ နှမြောတသစိတ်ကိုတော့ နားမလည်ဘူး။ ချွမ်းရွေ့ကို တခြားသူတစ်ယောက်ဆီ ဂယူဗင်ကမပေးလိုက်နိုင်ဘူး။ တကယ်လို့ ချွမ်းရွေ့သာ တခြားသူနဲ့အတူရှိသွားရင် ဂယူဗင်ကိုမေ့သွားမှာ။ ဂယူဗင်ကို ပေးနေကျဂရုစိုက်မှုတွေ၊ အလေးပေးမှုတွေကလည်း တခြားသူဆီရောက်သွားမှာ။ဒီလိုအဖြစ်မျိုးကို သူလက်မခံနိုင်ဘူး။

ဂယူဗင်က ချွမ်းရွေ့ကို သူ့အနားမှာပဲရှိစေချင်တယ်။ သူ့နဲ့ပဲအတူတူနေစေချင်တယ်။ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းဆိုပေမယ့် ချွမ်းရွေ့ကိုတော့ ဂယူဗင်ဟာ သူတစ်ယောက်တည်းအပိုင်အဖြစ် တံဆိပ်ကပ်ထားချင်မိတယ်။

အခုလည်း ရှေ့ဆုံးတန်းမှာစာငုံ့ရေးနေတဲ့ ချွမ်းရွေ့ကို ဂယူဗင်က အနောက်ကနေထိုင်ကြည့်နေမိတယ်။ သူ့ကိုကျတော့ မခေါ်နိုင်မပြောနိုင်ဖြစ်ပြီး တစ်တန်းလုံးနဲ့ကျအဆင်ပြေနေတဲ့ ချွမ်းရွေ့ဟာ တော်တော်ဒေါသထွက်ဖို့ကောင်းတယ်။ သူကျပြုံးရယ်နိုင်နေပြီး ဂယူဗင်ကျ ဒီတစ်ပတ်လုံးလုံးစိတ်နဲ့လူနဲ့တောင်မကပ်ခဲ့ဘူး။ ချွမ်းရွေ့ကို စိတ်တိုလွန်းလို့ ဂယူဗင်က အော်ဟစ်ပေါက်ကွဲပစ်လိုက်ချင်တော့တယ်။

KIM'S Where stories live. Discover now