Part [ 2 ]

1.1K 149 86
                                    

"အားး ပင်ပန်းလိုက်တာ"

အခန်းတံခါးဖွင့်ပြီး အိမ်ထဲဝင်ဝင်ချင်းမှာတင် ပင်ပန်းတယ်ဆိုကာ ဆိုဖာပေါ်ပစ်လှဲနေသူကို ကျန်းဟောင့် တော်တော်ရိုက်ပစ်ချင်နေပြီ။ LA ကနေယူလာတဲ့ luggage တွေကို အောက်ကနေ အခန်းထဲအထိ ကျန်းဟောင့်ပဲဆွဲလာရတာကို ဒီတရုတ်ပေါက်က ဘာမှလည်းမလုပ်ပဲ လာပင်ပန်းပြနေတယ်။

လေဆိပ်ဆင်းဆင်းချင်းမှာတင် အိတ်တွေကို သူ့ဆီပို့ခိုင်းလိုက်ပြီး သူကျ ကင်ဂယူဗင်ဆီ အရင်သွားတယ်တဲ့။ ဒါကြီးက တော်တော်အမြင်ကပ်ဖို့ကောင်းနေပြီမဟုတ်ဘူးလား။

"Baby ၊ ဒီနေ့တစ်နေကုန်လုပ်သမျှက တစ်ခုမှအချိုးမပြေဘူးနော်"

"ကောကလည်း ၊ လူကိုဆို ဆူဖို့ပဲ ။ အခုမှ ကိုရီးယားပြန်လာတာကို နွေးနွေးထွေးထွေးကြိုမယ်မရှိဘူး"

"ဘယ်သူ့ကားနဲ့ ပြန်လာတာလဲ။ ကိုရီးယားမှာ စီးဖို့အတွက်ဝယ်ထားတဲ့ မင်းရဲ့ အသစ်စက်စက်ကားကရော "

"စောနက မောင်လိုက်ပို့တာ ။ ကျွန်တော့်ကားကို မောင့်ကုမ္ပဏီက ကားပါကင်မှာတမင်ထားခဲ့တာ "

"ဘာတွေလျှောက်လုပ်နေတာလဲ။ Shen Ricky Xavious Ellos !! "

"နာမည်အရှည်ကြီးကို မမောမပန်းခေါ်ပြန်ပြီ။ Ricky လို့ပဲ ခေါ်ပါလား "

မောင့်ကိုတော့ Honey လို့ခေါ် ဆိုပြီး ရိတိရားတားစကားတွေ တမင်ပြောခဲ့တယ်ဆိုပေမယ့် ကျန်းဟောင့်ကိုသာ အဲ့စကားတွေသွားပြောရင် သူ LA ကို ချက်ချင်းပြန်ရလောက်တယ်။

"ကိုရီးယားမှာ ရှန်ဆိုတဲ့ မျိုးရိုးနာမည်မသုံးဖို့ပြောထားပြီးသားလေ။ မတော်လို့ မောင်ကြားသွားရင် ဘယ်လိုလုပ်မလဲ။ မောင်က ဉာဏ်ကောင်းတယ်။ ဆက်စပ်ပြီးတွေးမိသွားရင် ကျွန်တော်ရူးလိမ့်မယ်"

မောင်က ရှန်ချွမ်းရွေ့ကို မုန်းနေတာ။ ဒါကြောင့် ချွမ်းရွေ့ဟာ သူ့ဘက်ကနေ အမှားအယွင်းမရှိအောင်ပြင်ဆင်ထားရမယ်။ မောင် နဲ့ပတ်သတ်ရင် ချွမ်းရွေ့က မြူမှုန်လောက်တောင် အမှားမခံနိုင်ဘူး။

"ပြီးတော့ မောင့်ကုမ္ပဏီကို အထင်မသေးပါနဲ့။ ကားကြီးထားခဲ့လည်း ဘာမှဖြစ်မှာမဟုတ်ဘူး။ မောင်က စီမံခန့်ခွဲတာအရမ်းတော်တာ "

KIM'S Where stories live. Discover now