Part [ 3 ]

1.1K 154 126
                                    

"မဟုတ်တာတွေ မတွေးနဲ့တော့ ကင်ဂယူဗင်။
မင်းက ဂျူယောင်းနဲ့ လက်ထပ်ရမှာ။ တခြားသူကို ခေါင်းထဲမထည့်နဲ့တော့"

သူ့အာရုံထဲ အကြိမ်ကြိမ်ဝင်ရှုပ်နေတဲ့ တစ်စုံတစ်ယောက်ရဲ့ပုံရိပ်တွေကို အဝေးလွင့်သွားအောင် ခေါင်းကို ခပ်ကြမ်းကြမ်းခါရမ်းလိုက်မိတယ်။ အခုတလော သူ့ကိုယ်သူ ဘာဖြစ်နေမှန်းတောင် မသိတော့ဘူး။ အခုတလောဆိုတာထက် တိတိကျကျပြောရရင် Ricky သူ့ဆီကို ရောက်လာပြီးထဲက သူ့ဘဝဟာ အကုန်ကမောက်ကမ။

လွန်ခဲ့တဲ့ ၅ နှစ်ထဲက ပျောက်ဆုံးသွားတဲ့ ခံစားချက်တွေက အသစ်စတင်လာသလိုမျိုးနဲ့ Ricky ဟာ သူ့အိပ်မက်တွေ၊ သူ့အသိစိတ်တွေထဲ သိသိသာသာကို စိုးမိုးလာခဲ့တယ်။ ဒီလိုဖြစ်ပျက်နေတာမျိုးကို ဂယူဗင်က သဘောမကျဘူး။ သူမြင်တွေ့နေတဲ့ Ricky ဟာ သူလက်ခံနိုင်တဲ့ အကျင့်စရိုက်တွေ တစ်ခုမှရှိမနေဘူး။

အရမ်းရဲတင်းတယ်။ အရမ်းဖော်ရွေလွန်းတယ်။ ဘယ်အရာကိုမှ အတည်တကျစိတ်ဝင်စားမှုမရှိဘူး။ အရာရာကို ပေါ့ပျက်ပျက်နဲ့ သူလက်မခံနိုင်စရာအချိုးတွေနဲ့မို့ Ricky ဟာ ဝေးဝေးကနေရှောင်သင့်တဲ့ သက်ရှိမျိုး။

အရေးကြီးဆုံးကတော့ သူအမုန်းဆုံးလူသားဖြစ်တဲ့ ရှန်ချွမ်းရွေ့နဲ့ ရုပ်ချင်းခွဲမရအောင်ဆင်တူနေခဲ့တာ။ အကျင့်စရိုက်တွေက တခြားစီဖြစ်နေရင်တောင် ဂယူဗင်က သံသယကင်းကင်းနဲ့ မနေနိုင်ဘူး။ ဘာလို့ရုပ်ဒီလောက်ဆင်နေတာလဲ၊ ဘာလျှို့ဝှက်ချက်တွေရှိနေနိုင်လဲဆိုပြီး အမြဲတမ်းအတွေးနွံနစ်နေခဲ့တယ်။

ဂယူဗင်မှာ စေ့စပ်ထားတဲ့ ဂန်ဂျူယောင်းရှိနေပြီးသား။ Rivky ကြောင့် သူ့စိတ်တွေမတည်ငြိမ်ဖြစ်ရတာသိပေမယ့်လည်း ဂယူဗင်ဟာ ပြဿနာတွေနဲ့အဝေးမှာ အေးဆေးပဲနေချင်တော့တယ်။

မုန်းတယ်လို့ အကြိမ်ကြိမ်ရေရွတ်နေပေမယ့်လည်း ချွမ်းရွေ့ကို ဘယ်လောက်ထိချစ်ခဲ့သလဲဆိုတာ သူကိုယ်တိုင်အသိဆုံး။
Ricky အပေါ် သူ့စိတ်က အနည်းငယ်လောက်တိမ်းစောင်းချင်နေလည်း သူရှေ့ဆက်မတိုးချင်ဘူး။

ဘယ်လောက်ပဲ ရှန်ချွမ်းရွေ့ကိုမုန်းတယ်ပြောပြော သူ့အချစ်ဟာ ရှန်ချွမ်းရွေ့တစ်ယောက်တည်းအတွက်ပဲ ဖြစ်ရမယ်။
ရှန်ချွမ်းရွေ့နဲ့ သူ့အချစ်စခဲ့သလို အဆုံးသတ်မှာလည်း ရှန်ချွမ်းရွေ့ တစ်ယောက်တည်းပဲပေါ့။

KIM'S Where stories live. Discover now