Part [ 4 ]

1.2K 149 159
                                    

"အား ဘာလဲကွာ ! "

ဂယူဗင်ဟာ ဒေါသဖြစ်ဖြစ်နဲ့ စားပွဲပေါ်က ပန်းအိုးကို ရိုက်ခွဲပစ်လိုက်တာတောင် သူ့ရဲ့စိတ်ရှုပ်မှုတွေက ပျောက်မသွားဘူး။
သူ့ကိုအခုလိုဖြစ်အောင်လုပ်တဲ့တရားခံကတော့ အခုချိန်ဆို အိမ်မှာအေးဆေးဖြစ်နေလောက်ရောပေါ့။

အခုကိစ္စမှာ ဂယူဗင်လွန်သွားတယ်ဆိုတာ ဝန်ခံတယ်။ဒါပေမယ့် သူ့မွေးနေ့ကို အခန်းနံပါတ်အဖြစ်ထားတဲ့ Ricky ဘက်ကလည်း မှန်မနေခဲ့ဘူးလေ။ ဘာကိုလိုချင်လို့ လိုချင်မှန်းမသိပဲ ဂယူဗင်ရဲ့ခံစားချက်တွေကို မထိတထိနဲ့ ကစားနေတဲ့ Ricky က ဘာဖြစ်ချင်နေမှန်းတောင် သူမစဉ်းစားတတ်တော့ဘူး။

ဂယူဗင်ကို အမြဲတမ်း ရိတိရားတားတွေပြောနေလို့ သူ့ကိုကြိုက်နေတာလားလို့ စိတ်ထဲတွေးချင်ပေမယ့် အခုတောင် နမ်းမိလို့ ဂယူဗင်က နှင်ထုတ်ခံခဲ့ရတာလေ။

အစတုံးက ဂယူဗင်ရဲ့စိတ်ထဲ Ricky နဲ့ ပတ်သတ်တဲ့ သတ်မှတ်ချက်တွေဟာ အကောင်းနဲ့အဆိုးဒွန့်တွဲပြီး အထင်းသေးစိတ်တွေက အနည်းငယ်လောက်ရှိနေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ထင်မြင်ချက်တွေမှားယွင်းနေကြောင်းကို အခုမှသိခဲ့ရတယ်။

Ricky Xavious Ellos က အနမ်းကိုတောင် တွန့်တိုတတ်တဲ့ ကောင်လေးမျိုး။ အဲ့လိုလူမျိုးက သူ့အနားမှာရှိနေတာဟာ အကြောင်းအရင်းမဲ့တော့ဖြစ်နိုင်မှာမဟုတ်ဘူး။

"ငါကရော ဘာလို့နမ်းလိုက်မိတာလဲကွာ ! "

Ricky အဖြေကို ဒေါသထွက်တယ်ဆိုပေမယ့် နမ်းဖို့အထိမလိုအပ်ဘူးဆိုတာ သိတယ်။ ဒါပေမယ့် ပန်းနုရောင်သန်းနေတဲ့ အဲ့နှုတ်ခမ်းလေးကို ကြည့်နေရုံနဲ့မလုံလောက်ဘူးခံစားရတာ‌မို့ လုပ်မိလုပ်ရာ လုပ်ခဲ့တာ။

ဒါပေမယ့် သူနမ်းခဲ့တဲ့ နှုတ်ခမ်းတွေက သူထင်ထားတာထက် ချိုမြိန်နေခဲ့တာလေ။ ဘယ်လောက်အထိလဲဆို လွန်ခဲ့တဲ့ ၅ နှစ်က ရှန်ချွမ်းရွေ့ကို သတိရမိသွားစေတဲ့အထိ။

ရှန်ချွမ်းရွေ့ နဲ့ Ricky Xavious Ellos က မတူတာ သူသိတယ်။ ဒါပေမယ့် ဘာလို့အဲ့နှစ်ယောက်ကို ရောထွေးနေမိလဲဆိုတာ သူမစဉ်းစားတတ်တော့ဘူး။ ရှန်ချွမ်းရွေ့ကလည်း သူ့အပေါ်သစ္စာဖောက်ခဲ့သလို Ricky ကလည်း သူယုံကြည်ရတဲ့သူမျိုးမဟုတ်ဘူး။

KIM'S Wo Geschichten leben. Entdecke jetzt