Part [ 9 ]

714 110 72
                                    

"ဂယူဗင် ဘာလို့ကျောင်းနောက်ကျနေတာလဲ"

ကျောင်းတတ်သွားပြီး ၁၀မိနစ်လောက်ကြာမှ အတန်းထဲအမောတကာပြေးလာတဲ့ ဂယူဗင်ဟာ ထူးထူးဆန်းဆန်း။
အရင်ကဆို ကျောင်းကိုချွမ်းရွေ့ထက်စောရောက်ပြီး ချွမ်းရွေ့ကို ကျောင်းရှေ့မှာစောင့်နေတတ်သေးတာမလား။

"ဆယ်ရီက အိမ်စာစာအုပ်မေ့ကျန်ခဲ့လို့အိမ်ပြန်ယူတာကို အဖော်လိုက်ပေးတာ"

ဆယ်ရီ ၊ ဆယ်ရီ ။ ဒီရက်ပိုင်းမှာ ဂယူဗင့်နှုတ်ကနေ ခဏခဏကြားနေရတဲ့ ချွဲဆယ်ရီဆိုတဲ့နာမည်ကို ချွမ်းရွေ့က အမြင်ကပ်လာပြီ။ အရာအားလုံးကိုဘေးဖယ်ပြီး ချွဲဆယ်ရီကိုသာ ဦးစားပေးနေတာမို့ ချွမ်းရွေ့ဟာ ချွဲဆယ်ရီကို မနာလိုရတယ်။အားကျရတယ်။

"မင်းနဲ့သူ့အခြေအနေက ဘယ်လိုလဲ"

သဝန်တိုနေတာတောင် ဖွင့်ပြောခွင့်မရှိတဲ့ ချွမ်းရွေ့အဖြစ်ဟာ စုပ်လည်းစူး၊စားလည်းရူး။ သူသာ ရူးမိုက်လိုက်ရင်လည်း လက်ရှိဂယူဗင်နဲ့ ဆက်ဆံရေးလေးတောင် ပျက်သွားမှာ စိုးရိမ်ရတယ်။ ဘာလို့များ သူတို့ကြားမှာ သူငယ်ချင်းဆိုတဲ့စည်းတွေ ခြားနေရတာလဲ။

"ဒီအတိုင်းအတူသွားအတူလာရုံလောက်ပေါ့။ ငါ သူ့ကို ဖွင့်မပြောရဲဘူး။ တော်ကြာ အခုလိုဆက်ဆံရေးလေးပါပျက်သွားဦးမယ်"

‌ချွမ်းရွေ့ခံစားရသလိုမျိုး မောင်ကလည်း ခံစားနေရတယ်။
ချွမ်းရွေ့ကြောက်နေသလိုမျိုး မောင်ကလည်း ကြောက်ရွံနေရတယ်။
ရှေ့ဆက်လည်းမတိုးရဲ ၊ နောက်ဆုတ်လို့လည်းမရနဲ့ ဒီလိုအခြေအနေတွေက ဘယ်လောက်ခံစားရခက်သလဲဆိုတာ ချွမ်းရွေ့အသိဆုံး။

သူအရမ်းခံစားရပေမယ့် မောင့်ကိုတော့ ဒီဒဏ်ရာတွေမခံစားစေချင်ဘူး။ သူကြုံနေရတဲ့ စိုးရိမ်မှုတွေကို မောင့်အပေါ်နည်းနည်းလေးတောင် မသက်ရောက်စေချင်ဘူး။
သူသေလောက်အောင် နာကျင်ရရင်တောင် မောင်သာပျော်မယ်ဆိုရင် ချွဲဆယ်ရီနဲ့အဆင်ပြေပါစေလို့တောင် ဆုတောင်းပေးချင်မိပါတယ်။

"မင်း ချွဲဆယ်ရီကို ချစ်လား ဂယူဗင်"

"ငါမသိဘူး။ သူ့ကိုလူတိုင်းကသဘောကျတယ်။ ငါလည်း သူ့ပုံစံလေးကို သဘောကျတယ်။ ချစ်တယ်လို့ထင်တာပဲလေ "

KIM'S Where stories live. Discover now