Part [ 7 ]

962 117 27
                                    

"အရမ်းချစ်တယ် မောင်"

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ မောင်ဟာ ကလေးတစ်ယောက်လို။ အထက်တန်းမှာစတွေ့ထဲက မောင်ဟာ လူတိုင်းအပေါ်စစနောက်နောက်နဲ့ ပျော်ပျော်နေတတ်တဲ့သူ။ ဒါပေမယ့် ပြဿနာတွေကြောင့် မောင်လည်း အရင်လိုပုံစံမျိုးဘယ်ဟုတ်ပါတော့မလဲ။

ချွမ်းရွေ့မရှိတဲ့ ၅ နှစ်အတွင်း မောင်ဟာ ဘယ်လောက်တောင်ပင်ပန်းနေခဲ့မလဲ။ ဘယ်လောက်တောင် ခံစားနေခဲ့ရမလဲ။ ဖြစ်ရပ်တွေအားလုံးထဲမှာ အထိခိုက်ဆုံးဖြစ်ခဲ့တာ သူကိုယ်တိုင်ဆိုပေမယ့် မောင့်အတွက်ကိုသာ စိုးရိမ်ပေးတဲ့ ချွမ်းရွေ့ရဲ့အချစ်တွေဟာ မောင့်အပေါ်မှာ တနင့်တပိုး။

ချွမ်းရွေ့ရဲ့ လက်သွယ်သွယ်လေးတွေဟာ မောင့်မျက်နှာကိုအုပ်ကိုင်လိုက်မိတယ်။ အိပ်ပျော်နေတဲ့မောင် နိုးသွားမှာလည်းမဖြစ်စေချင်တာကြောင့် အထိအတွေ့ကအစ နူးနူးညံ့ညံ့လေးရယ်။

မောင့်ကို သူချစ်လိုက်ရတာ။ မောင့်ကို ကြင်နာခွင့် ၊ ယုယခွင့်မရှိတော့ဘူးလို့ တွေးပြီး သူဘယ်လောက်တောင် ကမ္ဘာပျက်ခဲ့ရသလဲ။ သူ့အချစ်တွေက စစ်မှန်ခဲ့လို့ထင်ပါတယ်။ သူဟာ ဒုတိယအကြိမ်အနေနဲ့ မောင့်ရင်ခွင်ထဲ ထပ်ပြီးခိုလှုံခွင့်ရခဲ့တယ်။

ချွမ်းရွေ့က မောင့်ကို နောက်တစ်ကြိမ် အဆုံးရှုံးခံမှာမဟုတ်သလို ဂန်ဂျူယောင်းဆီလည်း အပါခံမှာမဟုတ်တော့ဘူး။ တကယ်လို့သာ မောင်နဲ့ ထပ်ဝေးရရင် ချွမ်းရွေ့က အသက်ရှင်နိုင်တော့မယ်မထင်ဘူး။

ညဘက်အိပ်မပျော်လို့ ဟိုတွေးဒီတွေးနဲ့ အတွေးတွေဖိစီးလာတဲ့အခါ ချွမ်းရွေ့က အလိုလိုနေရင်း မျက်ရည်ကျလာခဲ့တယ်။ စိတ်ထဲလှိုက်တတ်လာတဲ့ ဝမ်းနည်းမှုတွေကြောင့် ချွမ်းရွေ့ဟာ သူ့မျက်နှာကို ခေါင်းအုံးနဲ့အုပ်ပြီး ရှိုက်ကြီးတငင်ငိုချလိုက်တော့သည်။

တကယ်လို့ ခေါင်းအုံးနဲ့သာ သူ့ရှိုက်သံတွေကို မဖုံးကွယ်ထားရင် သူ့ငိုသံကြောင့် မောင်နိုးသွားမှာကိုလည်း ချွမ်းရွေ့က မလိုလားဘူး။ မောင်မသိတဲ့တစ်ဖက်ခြမ်းမှာ ချွမ်းရွေ့က မောင့်ကို အဲ့ဒီလောက်ထိ ချစ်ရပါတယ်။

KIM'S Where stories live. Discover now