အပိုင်း (၂)
"အရမ်းကြည့်တော့ အာရုံစိုက်လို့မရဘူး"
ယဉ်နှိုင်းမေ ကားပြတင်းပေါက်ကို ချက်ချင်းလှည့်လိုက်သည်။
"အရမ်းမကြည့်ပါဘူး"
ခပ်စွာစွာအသံနှင့် ပြန်ပြောသည့် ယဉ်နှိုင်းမေ ကို ခင်ဌားမောင် ဘာမှ ပြန်မပြောမိ။
ဖြည်းဖြည်းနှင့် သူမတို့ စီးလာသည့် ကားသည် အဖြူရောင် အိမ်ကြီးရှိသည့် ခြံကြီးရှေ့ ဆိုက်ရောက်လာခဲ့သည်။
ယဉ်နှိုင်းမေသည် ထိုခြံထဲမရောက်ခင်ဘဲ ကားထဲကပင် တစ်အံ့တဩ ကြည့်နေမိသည်။
ထို့နောက် ခြံတစ်ကားကြီးက ဖွင့်လာသည့် ယူနီဖောင်းအပြာရောင်နှင့် ဦးလေးတစ်ယောက်။ကားလေးသည် ခြံထဲသို့ဝင်သွားပြီး အိမ်ရှေ့ တည့်တည့်မှာ ရပ်လိုက်သည်။
တကယ်ကို နှစ်ထပ်အိမ်ကြီးဘဲ။
ခင်ဌားမောင်က အရင်ကားပေါ်က ဆင်းလိုက်ပြီး အိမ်ကြီးကို ပါးစပ်လေးဟကာ ကြည့်နေသည့် ယဉ်နှိုင်းမေ ဘက်က တံခါးကို ဖွင့်ပေးလိုက်တော့ ခနမျှကြည့်ပြီးမှ ကားပေါ်က ဆင်းသည်။
အိမ်ထဲကို ခင်ဌားမောင် ကိုယ်တိုင် ဦးဆောင်ကာ ဝင်တော့ ယဥ်နှိုင်းမေ က ထပ်ကြပ်မခွာ လိုက်လာသည်။"မမခင်ဌား "
ဧည့်ခန်းထဲရောက်တော့ အပျိုအရွယ် မိန်းကလေးတစ်ယောက်က ခင်ဌားမောင် ကို နှုတ်ဆက်သလို ခေါ်သည်။
"ဖြိုးဝေ အိမ်ကလူတွေ အကုန်ခေါ်လိုက်ပါ"
ဖြိုးဝေ ဟုဆိုသော မိန်းကလေးက 'ဟုတ်ကဲ့'ဟုပြောကာ ထွက်သွားသည်။
ထို့နောက် ခင်ဌားမောင်က ဧည့်ခန်းထဲက ဆိုဖာ ခုံမှာ ဝင်ထိုင်ပြီး ယဉ်နှိုင်းမေကိုလဲ ထိုင်ခိုင်းသည်။ခနလောက်ကြာတော့ ဧည့်ခန်းထဲကို ဖြိုးဝေ နှင့် အဒေါ်ကြီးနှစ်ယောက် ပြီးတော့ ခြံတံခါးလာဖွင့်ပေးတဲ့ ဦးလေးကြီးနှင့် နောက်ဦးလေးကြီးတစ်ယောက်ပါ ပါလာသည်။
"ကျွန်မရဲ့အမျိုးသမီး ယဉ်နှိုင်းမေ သူမ လိုအပ်တာရှိရင်ဖြည့်ပေး ၊ သူမက ကျွန်မနဲ့တန်းတူဘဲ ပြီးတော့ ဖြိုးဝေက သူမ အနားမှာ ကျွန်မ မရှိရင်အမြဲရှိနေရမယ် ထပ်ပြောတာ သူမက ဒီအိမ်ရဲ့ ပိုင်ရှင်ဘဲ "