အပိုင်း (၄)
"ဟို တစ်စိတ်လောက် မခင်ဌားမောင် ရုံးခန်းကဘယ်နားမှာလဲဟင်"
"12ထပ်မြောက်မှာပါရှင့်"
12 12ထပ်!
ဘယ်လိုတောင်လဲ။
ယဉ်နှိုင်းမေသည့် ဆက်မတွေးတော့ဘဲ လှေကားနဲ့ဖြစ်သာ ဂဏန်းများသာ ရေရွတ်ရင်း
"ခြောက်ထပ်! ဟူးး အဲ့လိုမှန်းသိရင် ရေဘူးယူလာပါတယ်"
တဖြည်းဖြည်းနှင့်ဆက်လက်၍ ဂဏန်းများကိုရေတွက်လိုက်သည်။
"12 ဘဲ"
တံခါးကိုတွန်းဖွင့်လိုက်တော့ အခန်းအကျယ်ကြီးကိုရောက်လာသည်။ ဘယ်သူမှလဲမရှိကြပါ။
ဟိုသွားဒီသွားကြည့်ရင်း တံခါးတစ်ချက်ကိုတွေ့တော့ ယဉ်နှိုင်းမေ ဖွင့်ပြီးဝင်လိုက်သည်။စကားသံအနည်းအများနှင့် ဝန်ထမ်းများကို တွေ့သည်။
အခုမှ ယဉ်နှိုင်းမေသက်ပြင်းချလိုက်သည်။"ဟင်းး"
ဝန်ထမ်းများသည် ရုတ်တရက်ယဉ်နှိုင်းမေကိုတွေ့သည်နှင့် မျက်ဝန်းများပြူးကျယ်ကုန်ကာ။
"မမယဉ်နှိုင်း"
ဝန်ထမ်း မိန်းကလေးတစ်ယောက်က ယဉ်နှိုင်းမေအနားလာကာ
"ညီမ အမကို ခင်ဌားမောင် ဆီကို လိုက်ပို့ပါလား"
ထိုအခါ ဝန်ထမ်းမလေးက ပေါက်သင်ညို သဖွယ်ခေါင်းငြိမ့်ကာ ယဉ်နှိုင်းမေ လက်ထဲက ဆွဲခြင်းလေးအားမြင်ကာ
"ညီမကို ပေးပါ မမယဉ်နှိုင်း"
ယဉ်နှ်ိုင်းမေသည် ခေါင်းခါပြပြီး
"မြန်မြန်လေး"
ဝန်းထမ်း မိန်းကလေးသည် ယဉ်နှိုင်းမေကို ခင်ဌားမောင် ရုံးခန်းရှေ့မှာရပ်လိုက်ပြီး တံခါးခေါက်လိုက်သည်။
"မမခင်ဌားရှင့် မမယဉ်နှိုင်းရောက်နေပါတယ်"
ခင်ဌားမောင်၏ပြေးလွှားနေသည့် စိတ်တွေသည့် ယခုမှပင်အသိကပ်သည်။
"ဝင်လာခဲ့"
ထို့နောက် ထိုဝန်ထမ်း မိန်းကလေးသည် တံခါးဖွင့်ပေး၍
ခြင်းပေးပြီးအရိုအသေပြုကာထွက်သွားသည်။
ယဉ်နှိုင်းမေသည် ရုံးခန်းထဲဝင်လိုက်သည်နှင့် ဆိုဖာပေါ်တွင် ဖုန်းသုံးနေသည် ခင်ဌားမောင်ကို တွေ့လိုက်ရသည်