အပိုင်း(၁၅)
ဒေါက်တာ သန်းဇာ် ရောက်လာပြီး ဧည့်ခန်း၌သာဆေးကုသမှုခံယူကြသည်။
အရက်ပြန်နှင့် ဆေးကြောပွတ်ပေးတိုင်း ယဉ်နှိုင်းမေက နာလွန်း၍ အံကြိတ်ထားရင်း ပလုံးပထွေးအသံဖြင့်အော်သည်။ကေဗင်က မျက်နှာကိုလက်နဲ့အုပ်၍ လက်ကြားတွေထဲက ချောင်းချောင်းကြည့်သည်။
ကီးမိုက်စကိုင်းလဲ ထိုသို့ဘဲပင် ကီးမိုက်စကိုင်းက တစ်ချက်ချက် ထထ အော်နေသေးသည်။
ဖြိုးဝေတို့ ငါးယောက်ကတော့ သနားဟန်ဖြင့် ယဉ်နှ်ိုင်းမေကို ကြည့်မိ၍ တစ်ဆက်ထဲ ဝတ်မှုံကိုလဲ သနားမိသည်။
အဘယ်ကြောင့်ဆိုသော် ခံရသူက ဘယ်သူဘယ်ဝါလဲ ဆိုတာဘယ်လိုပြောရမှန်းမသိ။
သို့သော် မျက်ရည်ဝိုင်းကာ ပြေးထွက်သွားသည် ဝတ်မှုံ၏ လက်မှာလဲ သွေးများစီးနေတာ သူတို့မြင်လိုက်ပါသေးသည်။"ထုံဆေး ဘာေကြာင့်မသုံးတာလဲ လေးလေး"
နာကျင်၍ အော်ညည်းနေသည့် ယဉ်နှိုင်းမေ၏ပုံကို ကြည့်မနေနိုင်သည့်အဆုံး ဒေါက်တာ သန်းဇော်ကို မေးလိုက်သည်။
ဒေါက်တာသန်းဇော်က ယဉ်နှိုင်းမေ၏လက်ကို ပတ်တီးစည်းပေးလိုက်ပြီး"ထုံဆေးသုံးစရာမလိုဘူး နည်းနည်းဘဲ နက်သွားတာ ခင်ဌားလေး"
ခင်ဌားမောင်သည် ပတ်တီးစည်းထားသည့် လက်နှစ်ဖက်လုံးကို ဖြည်းညှင်းစွာ ထိတွေ့လိုက်သည်။
"ဘယ်လောက်ဘဲ နက်နက်ပါ လူနာက အရမ်းနာနေတယ်လေ"
ဒေါက်တာသန်းဇော်က သက်ပြင်းခပ်ဖွဖွချသည်။
သူ့ရဲ့ ဆေးပစ္စည်းတွေ သိမ်းနေလိုက်သည်။"လိုက်ပို့ပေးလိုက်ပါ"
ဖြိုးဝေက ဒေါက်တာသန်းဇော်၏ ဆေးအိတ်ကို ဆွဲယူရန်အလုပ် ဒေါက်တာသန်းဇော်က နောက်ကိုပို့လိုက်သည်။
"နေပါ ရတယ် ခင်ဌားလေး..ခင်ဌားလေးက
ဒီ မိန်းကလေးကိုချစ်တာသိပါတယ် ဒါပေမယ့်ရယ်လို့ လေးလေးက ဒေါက်တာတစ်ယောက်ပါ လုပ်သင့်တာတွေ မလုပ်သင့်တာတွေ သိပါတယ်""လေးလေးက ဒေါက်တာမှန်း သိတယ်...ပြီးတော့ လေးလေးက ကျွန်မတို့ရဲ့မိသားစုဒေါက်တာ ဆိုတာကို လေးလေးသိထားသင့်တယ်..."