အပိုင်း (၆)

326 15 2
                                    

အပိုင်း ( ၆ )

"တော်ပါတော့ ခင်ဌားရယ် ငိုကြွေးနေလိုက်တာများ အရင်က ခင်ဌားမောင်မဟုတ်တော့တဲ့အတိုင်းဘဲ"

ဝတ်မှုံ။
ခင်ဌားမောင်ရဲ့ အထက်တန်းထဲက သူငယ်ချင်းဖြစ်သူ။
လက်ရှိ နာမည်ကြီးမင်းသမီးတစ်ယောက်။အထူးသဖြင့် ခင်ဌားမောင်ဦးစီးနေသည့် company ကလူ။
ငယ်ငယ်ထဲက မျှ‌ဝေကိုယ်တူဆိုပေမယ့် ဝတ်မှုံဘက်ကသာလို့ပြောရမည်။
ခင်ဌားမောင်က သူဌေးသမီးလေးဖြစ်သည်ကြောင့် ဘယ်အရာမှ လိုအပ်ချက်မရှိ။
ဝတ်မှုံက ငယ်ငယ်ထဲက သာမန်ကလေးပင်။
မိဘကလဲ ဝန်ထမ်းများဖြစ်သည်။
အရာအားလုံး သာမန်‌ဆိုပေမဲ့ သူမအတွက် လိုအပ်ချက်ကများပြားလှသည်။

ယခုဆိုလျှင် ဝတ်မှုံက အတော်ပင် ချမ်းသာနေသည်။
သူမ၏ လုပ်အားခက ပင်စင် မိဘနှစ်ပါး‌ကို ထောက်ပံ့နိုင်သည့်အပြင်က အေးဆေးပင်။

စပိုင်လောက်သာ သောက်ပြီးမူးနေပါသည့် ခင်ဌားမောင်။သောက်တာမှ လေးပုလင်းတောင်မပြည့်သေး။
အခုလဲ သူများအိမ်မှာ ညမင်းကြီးထဲက သောင်တင်နေတာ ယခုချိန်အထိ။

"သူမက အဲ့သလောက်တောင် ပြုစားထားတာလား"

"ယူထားတာဖြင့် တစ်ပတ်တောင်ပြည့်ပြီမို့လား"

"အဲ့‌သလောက်တောင် ချစ်ရသလား ခင်ဌားရယ်"

မေးခွန်းတွေမေးနေပေမယ့် ခင်ဌားမောင်ဘက်က ပြန်စာမလာသလိုပင် အေးခဲနေသည်။

"သိပ်ချစ်လွန်းလို့ လက်ထက်ထားတာ ဝတ်မှုံရဲ့ သိပ်ချစ်လွန်းလို့ပါ ပြုစားထားတာလားဆိုရင် ငါဘာပြန်ပြောရမလဲ သူမ မပြုစားခင်ထဲ က ငါကနှစ်မြှပ်နေခဲ့တာ.."

ပြောရင်း မျက်ရည်ကျလာသည့် ခင်ဌားမောင်ကြောင့် ဝတ်မှုံခေါင်းခါမိသည်။
သည်အရာကို ဘယ်လိုခေါ်ရမလဲ ။
အချစ်ကြီးတာလား...။

"သူမက ကွာရှင်းချင်တယ်လို့ပြောတော့ နင်ဘယ်လိုဆက်လုပ်မလဲ ခင်ဌား ပြတ်သားလိုက်စမ်းပါ..ချစ်လွန်းလို့ဆို သူမ ပြောတဲ့အတိုင်းကွာရှင်းပေးမလို့လား သူမအတွက်ကြည့်တာလား ကိုယ့်အတွက်ဘဲလား"

"အမှန်ဆို သူမ ပြောတဲ့အတိုင်း ပျော်ရွှင်စရာမိသားစုဆိုတာ ယောင်္ကျားမှ ပေးနိုင်တာမဟုတ်ဘူး နင်လို မိန်းမ မျိုးကလဲပေးနိုင်တယ် ဒါတွေ အကြံပေးစရာမလိုပါဘူး နင့်မှာအဖြေရှိတယ်ခင်ဌား ပြန်ပြောစရာတွေလဲရှိတယ် လုပ်သင့်တာက လုပ်ရမယ် ခင်ဌား"

နှိုင်း..Where stories live. Discover now