အပိုင်း(၉)

268 13 0
                                    

အပိုင်း ( ၉ )

"ငါ ဘာရလာလဲ ကြည့်"

ကီးမိုက်စကိုင်းဟာ ညာဘက်လက်ဖြင့်မြှောက်ပြလာသည်။
ထို့နောက် ယဉ်နှိုင်းမေ အနားကို ရောက်ချလာပြီး ဆိုဖာပေါ်ထိုင်ချလိုက်သည်။

ထို့နောက် ကျွမ်းကျင်စွာ ဖုန်းမျက်နှာပြင်ပေါ်၌ ကီးမိုက်စကိုင်း၏ လက်များက ရွေ့လျားနေသည်။
ထို့နောက် ယဉ်နှိုင်းမေကိုပြသည်မှာ ဖုန်းမျက်နှာပြင်ပေါ်ကစာတန်းလေး

/မင်းနာမည်အပြည့်စုံက ဘာလဲ/

"ယဉ်နှိုင်းမေ"

ကီးမိုက်စကိုင်းသည် အံ့ဩသွားရသည်။

/ငါက မင်းနာမည်ကို 'နှိုင်း' လို့ဘဲ ထင်ထားတာ ဘာလို့လဲဆိုတော့ ခင်က မင်းကို 'နှိုင်း' လို့ဘဲခေါ်တာလေ သူမက အဲ့လို အဖျားဆွတ် ခေါ်လေ့မရှိဘူး/

ယဉ်နှိုင်းမေသည် ခေါင်းငြိမ့်ပြကာ

"ငါလဲ လုပ်ကြည့်လို့ရမလား"

ယဉ်နှိုင်းမေသည် လက်အမူအရာဖြင့် ဖုန်းကို ထိုးပြပြီးပြောသည်။
ကီးမိုက်စကိုင်းက ပေါက်သင်ညိုလို ခေါင်းတစ်စက်စက်ငြိမ့်ပြပြီး ဖုန်းကို ပေးတော့ ယဉ်နှိုင်းမေက ဖြည်းဖြည်းလေး ကီးဘုတ်ပေါ်ကို စာတွေရေးလိုက်တယ်။

/မင်းနာမည်က ကီးမိုက်စကိုင်းနော် /

"ဟုတ်တယ်"

/မင်းက ခင်ဌား‌ေမာင်နဲ့အရမ်းရင်းနှီးလား/

ကီးမိုက်စကိုင်းသည် ဖုန်းကို ယူလိုက်ပြီး

/ခင်က ကပ်စေးနဲတယ် ဒါနဲ့ မင်းနာည်ခေါ်တာ ငါပြန်တိုင်မှာနော် ဒါကနောက်ဆုံးဘဲ/

ထိုစာကြောင်းကြောင့် ယဉ်နှိုင်းမေ မျက်နှာမဲ့လိုက်သည်။သို့‌ေပမယ်သူမ ခင်ဌားမောင် ကပ်စေးနဲတာ မမြင်ဘူးပေါင်။

/ပြီးတော့ ဩဇာ သိပ်ရှိတယ် ထက်မြက်တယ် မာမီပြောသလောက်ကတော့ သူမရဲ့ မိဘတွေက သူမကိုသိပ်ချစ်
ကြတာတဲ့ ငါ့မျက်လုံးထဲမှာတော့ သူမကို ပြည့်စုံတယ်/

/မင်းအရင်က အိမ်မှာဒီအချိန်ဘာလုပ်လဲ/

/ဖုန်းသုံးတယ် စာလုပ်စရာရှိရင် လုပ်တယ်ကစားချင်ရင် ကစားတယ်/

နှိုင်း..Where stories live. Discover now