အပိုင်း (၃)

361 18 1
                                    

အပိုင်း ( ၃ )

ခင်ဌားမောင်သည် အပေါ်ထပ်သို့အဝတ်လဲပြီးအောက်ပြန်ဆင်းလာတော့ ယဉ်နှိုင်းမေက ကျောခိုင်းပြီး မနက်စာစားနေသည်။
ထမင်းဝိုင်းနားသွား၍

"ဒေါ်လှရည် မနက်စာကို နှိုင်းနဲ့ ထည့်ပေးပြီး ဦးမြင့်ကို ကို လာပို့ခိုင်းလိုက်ပါ ကျွန်မသွားပြီ"

ယဉ်နှိုင်းမေကိုတစ်ချက်မှမကြည့်ဘဲ ဒေါ်လှရည်ကိုသာ မှာပြီး ထွက်သွားသော ခင်ဌားမောင်ကို ယဉ်နှိုင်းမေကြည့်နေမိသည်။
ရှပ်အနက်အပြည့်နှင့် ပင်။

"မယဉ်နှိုင်း မနက်စာ ဒါက အဆင်ပြေရဲ့လား"

ဒေါ်လှရည်ပြောသော စကားကို ယဉ်နှိုင်းမေ ခေါင်းခါပြပြီး ဆက်စားနေလိုက်သည်။
ဒါမျိုးက စားနေကျမဟုတ်ဘူးလေ။

"သမီး ကို ဘာလုပ်ရမှာလဲ ‌ဆိုတာမှားသွားသေးလား"

"မယဉ်နှိုင်းကို ဘာလုပ်ရမယ်လို့မမှာသွားပါဘူး ဒေါ်လှရည်တို့ကို မှာသွားတာရှိပါတယ် မယဉ်နှိုင်းကိုလဲ ပြန်ပြောခိုင်းပါတယ်"

"ဘယ်တုန်းကလဲ ဘာမှာသွားတာလဲ"

"အဲ့တာက အတိအကျဆို လွန်ခဲ့တဲ့တစ်ပတ်လောက်ပါ မယဉ်နှိုင်းထက် စောပြီး လွန်ခဲ့တစ်ပတ်လောက်က မှာစရာရှိတာတွေ လာမှာသွားတာပါ"

"မှာစရာရှိတာတွေ ဘာတွေလဲ"

"မှာစရာရှိတာတွေက အိမ်ကိစ္စ အတွက်ပါ မယဉ်နှိုင်းအတွက်က မယဉ်နှိုင်းကို သေချာဂရုစိုက်ဖို့ရယ် ပြီးတော့ မယဉ်နှိုင်းက မခင်ဌားကို 'မောင်' လို့မခေါ်ရင် မခင်ဌားကို ပြန်တိုင်ရမယ်လို့ပါ"

ယဉ်နှိုင်းမေ သည် သက်ပြင်းချလိုက်မိသည်။
'မောင်'ကိစ္စကလဲ။

"ဒါနဲ့ သမီးကို အဖော်ပြုပေးဖို့လေ ဟိုမိန်းကလေးကော"

"ဖြိုးဝေ က မယဉ်နှိုင်း အတွက် ခြံထဲမှာ ပန်းသွားခူးပါတယ်"

"ဒေါ်လှရည်က အဲ့သည်လောက် ယဉ်ကျေးအောင် မပြောပါနဲ့ ဒေါ်လှရည်က သမီးအမေ အရွယ်ဘဲ လွတ်လွတ်လပ်လပ်စကားပြောပါ"

ဒေါ်လှရည်က ပြုံးပြီးခေါင်းငြိမ့်ပြသည်။

"မမယဉ်နှိုင်း"

နှိုင်း..Where stories live. Discover now