အပိုင်း ( ၁၁ )
ဝတ်မှုံသည် မနေ့ကထဲက laggage ပါ တစ်ခါထဲယူလာသည်ဖြစ်သည်။
သည်လိုမနက်မျိုးမှာ တန်းပြီး ယဉ်နှိုင်းမေတို့နှင့်အတူသွားရအောင်ဖြစ်သည်။Airport အထိလိုက်ပို့ပေးသည့် ခင်ဌားမောင်။
လေယာဉ်ပေါ်တက်ခံနီး ယဉ်နှိုင်းမေ၏လက်နှစ်ဖက်ကို ယုယစွာ စုတ်ကိုင်ထားသည်။"မောင့်ကို အဆက်သွယ်မပြတ်ရဘူးနော် တစ်ခုခု လိုအပ်တာရှိရင် မောင့်ကိုပြောနော် ပြီးတော့
မောင်နှိုင်းကို ချစ်တယ် ဒါကိုသိထား ဟုတ်ပြီလား"ကြားလိုက်ရသည့်စကားများကြောင့် ဝတ်မှုံ လှည့်ကြည့်လိုက်သည် ထိုနည်းတူ ကီးမိုက်စကိုင်းကလည်းလှည့်ကြည့်လာသည်။
ဝတ်မှုံသည် နှုတ်ခမ်းပါးများကိုကွေးနေအောင်ပြုံးထားသော်ငြား မျက်ဝန်းအိမ်ထဲမှ မျက်ရည်များက ပြည့်လျှံလာသည်။
ကီးမိုက်စကိုင်းသည် ဟန့် ခနဲ အသံပြုရင်း"ငါအိမ်ထောင်ပြုရင် မမထက် အများကြီးလှတယ်သူကိုပြုမှာ အဲ့ဒီ့ခါကျရင် ဟန့် မင်းသမီးလေးတစ်ယောက်လိုထားအုန်းမှာ"
ခင်ဌားမောင်က လှောင်သလိုရယ်ပြီး ကီးမိုက်စကိုင်းခေါင်းကို အားနည်းနည်းပါအောင်ထုလိုက်ပြီး
"မင်းသမိုင်းကို ရေးဖို့ အရင်ကြိုးစားလိုက်ပါအုန်း သွားတဲ့တစ်လအတွင်း နှိုင်းကို စောင့်ရှောက်နိုင်ရင် မင်းကို လူတော်လို့ငါမှတ်မယ် ကီးမိုက်စကိုင်း"
"အရင်ဆုံးငါ့ကိုခနခနမထုပါနဲ့ ခင်အဲ့လိုထုတော့ ငါ့ဦးနှောက်လေး...
ခင်လဲ မိန်းကလေးဆန်ဆန်နေဖို့စဉ်းစားပါ အမြဲအနက်ရောင်တီရှပ်တွေဘဲ ဝတ်မနေနဲ့ ငါအမြဲပြောရတယ် မမကိုငါစောင့်ရှေက်နိုင်တယ်"အားပြည့်မာန်ပြည့်ပြောနေသည့် ကီးမိုက်စကိုင်းကို ဖြိုးဝေက ရယ်ပြီးကြည့်နေသည်။
::
"အို မာမီ့လဲမပြောပါလားကွယ်"
ခင်ဌားမောင်က ကျေနပ်သလိုပြုံးပြီး
"နှိုင်းက မာမီ့အပိုင်မှမဟုတ်ဘဲ"
ဘေးနားက ဒယ်ဒီက မျက်မှန်ကိုအသာပင့်ရင်း