အပိုင်း(၁၄)
ခြံဝင်းကြီးထဲသို့ကားစိုက်လာတော့ ကေဗင်က ကားမှန်ကနေ အပြင်ကိူစူးဆန်းနေသည်။
ထို့နောက် အိမ်ရှေ့တည့်တည့်သို့ကားရပ်လိုက်သည်။အိမ်ရှေ့တည်တည့်တွင်ကားရပ်လိုက်တော့ ဝတ်မှုံက ရှေးဦးစွာဆင်းပြီး အိမ်ရှေ့မှာရပ်စောင့်နေသည်။
ထိုငေးဒီငေးဖြစ်နေသည့် ကေဗင့်ကို လာပါ လာပါ ဟုခေါ်ကာ အိမ်ထဲကိုဝင်သွားတော့သည်။ဒါတောင် ဧည့်ခန်းထဲမှာ ကေဗင့်ကို ဧည့်ခံဖို့လုပ်နေသေးသည်။
"မယဉ်နှိုင်း"
မအပြေးအလွှားဆင်းလာသည့် ဒေါ်လှရည်က အမောတပန်း။
ယဉ်နှိုင်းမေက ပြုံးပြလိုက်သည်။
ဧည့်သည်ပါလာသည်ကိုတွေ့လျှင် ဒေါ်လှရည်က ပြုံးပြဖို့မမေ့။"အပေါ်မှာ မခင်ဌားရှိတယ် သွားလိုက်ပါအုန်း "
ယဉ်နှိုင်းမေက ခေါင်းငြိမ့်ပြကာ အပေါ်သို့တက်သွားသည်ကို အနောက်က ဖြိုးဝေကော ဒေါ်လှရည်ပါ လိုက်သွား၍ ဧည့်ခန်းထဲ၌ ကျန်ခဲ့သည်က ကီးမိုက်စကိုင်းက ဆိုဖာပေါ်အိပ်ေပျာ်ေန၍ဝတ်မှုံနှင့် ကေဗင်ပင်။
အပေါ်ရောက်တော့ အခန်းတံခါးကို ခေါက်လိုက်သည်။
သို့သော်ပြန်ဖြေသံမကြား။
တံခါးဖွင့်ပြီးသာဝင်သွားလိုက်တော့ အပြင်မှာ၌သာ ဒေါ်လှရည်တို့က နေခဲ့ကြသည်။"မောင်"
ကုတင်ပေါ်တွင် ကြေမွနေသည့် ညဝတ်ဝတ်စုံ ဝတ်ပြီး မှီနေသည့် ခင်ဌားမောင်ကိုခေါ်လိုက်တော့ အပြုံးလေးပြုံးပြပြီး အနားကိုရောက်လာသည်။
အခန်းထဲ၌လည်း အလှပန်းအိုးနှင့် ရေခွက်တွေက ကွဲကြလို့ပင်။လောလောလက်လက်ဖြစ်ထားပု့ပင် ထိုနားမှာလည်းရေတွေက ဆိုနေသည်။"မောင် နေမကောင်းဘူးဆို"
"ဘယ်သူကပြောတာလဲ မဟုတ်ရပါဘူး"
အရင်ကလို ယဉ်နှိုင်းမေကိုမဖတ်တော့ဘဲ အနားနားကနေပင် စကားပြောသည်။
"ဟုတ်လား မောင်က အခုမှနိုးတာလား "
"ဟုတ်တယ် ဒါတွေက မောင် ညကထယောင်တာလေ သိတယ်မဟုတ်လား ။ မောင့် အမျိုးသမီးလေးလိုဘဲ မောင်လည်းထယောင်တက်တယ်...ပြောပြအုန်းပျော်ခဲ့ရဲ့လား တစ်လဆိုပြီး ချက်ချင်းကြီးပြန်လာရသလား"