အပိုင်း (၈)

288 16 1
                                    

အပိုင်း ( ၈ )

ယဉ်နှိုင်းမေသည် နိုးလာ၍ အိပ်ယာပေါ်၌ ဟိုလိမ့်ဒီလိမ့်ပင်။
ခန္ဓာကိုယ်က တစ်ခုခုထိန်းချုပ်ထားသလိုတင်းကျပ်‌ေနတာဖြစ်တာကြောင့် မျက်လုံးများကို ဖွင့်ပြီးခန္ဓာကိုယ်ကိုကြည့်လိုက်တော့  အဖြူရောင်စောင်ထူထူက ယဉ်နှိုင်းမေကို ထိန်းချုပ်ထားခြင်းပင်။
ခင်ဌားမောင် လာခြုံထားတာဘဲဟု ပင် တွေးလိုက်သည်။

ခနကြာတော့ ကျွှီ ခနဟူသောအသံနှင့် အခန်းတံခါးက ပွင့်လာသည်။
ယဉ်နှိုင်းမေသည် ခင်ဌားမောင်ဟုပင် ထင်ထားခဲ့ပေမယ့် ခင်ဌားမောင်မဟုတ်ခဲ့ပါ။
ဝင်လာသည့်သူသည်။
၉နှစ်အရွယ် ကောင်လေးတစ်ယောက်သာ။ကလေးလေး၏ပုံစံသည် မြန်မာလူမျိုးတစ်ယောက်နှင့်မတူ။
ရွှေဝါရောင်ဆံပင်ဖျော့ဖျော့ကလေးနှင့် အသားကလည်းဖြူဝင်းနေသည်။

ထိုကလေးလေးသည် အခန်းတံခါးကို တိုးတိုးလေးပြန်ပိတ်လိုက်ပြီး သူမလှည့်လာကာ ယဉ်နှိုင်းမေကို တွေ့တော့ လန့်သွားသည့်ပုံဖြင့် အံ့ဩနေသည်။
အပြာရောင်မျက်လုံးဝိုင်းကြီးများနှင့် အံ့ဩသလိုကြည့်ပြီး သူ့ နှုတ်ခမ်းပေါ်လက်ညိုးလေးသူတင်ကာ 'ရှူး'ဟူသောပုံဖြင့် တိုးတိုးနေခိုင်းသည်။

ယဉ်နှိုင်းမေသည် ထိုအရာကိုဂရုမစိုက်ဘဲ။

"ဘယ်သူလဲ ကလေးလေး "

ထို‌ကလေးလေးကာ သူ့ခါးသူထောက်ကာ လက်တစ်ဖက်ဖြင့် သူ့နဖူးသူရိုက်လိုက်သည်။

"တိုးတိုး‌နေ"

အဂ်လိပ်လိုပြောသည့် ထိုကောင်လေး၏စကားကို ယဉ်နှိုင်းမေ သိပ်နားမလည်ပါ။
သူမက ဆယ်တန်းဘဲအောင်ပြီး ဘာသင်တန်း ၊ ဘာဆိုဘာမှ မတက်ထားသလို အဂ်လိပ်စာလဲ ညံ့ဖြင်းလှသည်။
အခြေံတော့ တက်ထားကါသေးသည်။
ယဉ်နှိုင်းမေသည် ဘာမှပြန်မပြောမိဘဲ ထိုကောင်လေးကိုသာ ကြည့်နေလိုက်သည်။
ထိုကောင်လေးသည် တံခါးဘေးက နံရံမှာ ကျောလေးကပ်ပြီး ယဉ်နှိုင်းမေကို ထိုသို့လှမ်းပြောသည်။

"ခင် ဝင်လာရင် ငါဒီမှာမရှိဘူးလို့ ပြောနော်"

ခင် ဟူသော နာမည်ကြောင့် ထိုကောင်လေးဟာ ခင်ဌားမောင်နှင့်ပင် ပက်သက်လိမ့်မည်။

နှိုင်း..Where stories live. Discover now