part(7)

301 15 2
                                    

"Hello ပါး"📞

"......."📞

"သား လာမှာ အခုတလော သိပ်မအားလို့ပါး "📞

"......."📞

"ဟုတ်ကဲ့ ပါး "

ဖုန်းချလိုက်ပြီး မနက်စာပြင်လိုက်သည်။

ကျွန်တော်မနက်အစောကြီးနိုးလာတော့ pawat ဖုန်းပြောနေတာကိုတွေ့လိုက်သည်။
အိမ်ကိုမလာလို့ ခေါ်နေတာမှန်း သိလိုက်သည်။
မျက်နှာသစ်ပြီး ထွက်လာခဲ့ပြီး စားပွဲမှာ ထိုင်လိုက်သည် ။ နွားနို့နဲ့ ပေါင်မုန့်ကြော်ကိုတွေ့လိုက်သည်။

" မင်း အိမ်မပြန်ဘူးလား"

"ပြန်မှာ အခုမဟုတ်သေးဘူး"

"မင်း ပါးပါး က ခေါ်နေပြီမဟုတ်လား"

"ရတယ် အဆင်ပြေတယ် ငါ မင်းနဲ့အတူရှိနေချင်သေးတာ ဒါကြောင့်ဒီမှာနေအုံးမှာ"

"အပိုတွေနော် "

"ဟေး တကယ်ပြောတာ ဒါမှမဟုတ် အိမ်ကိုပြန်ရင်မင်းပါလိုက်ခဲ့ပါလား"

"မလိုက်ဘူး ငါလုပ်စရာတွေရှိသေးတယ် "

"ရက်စက်တယ်နော်မင်း"

"ဘာမှမရက်စက်ဘူး ဒါနဲ့ ညနေ ဘောလုံးသွားကန်မှာ မင်းအားရင် လာခေါ်ပါလား"

"အင်း ငါရှုတင်ပြီးရင် တော့လာခေါ်မယ်
မလာဖြစ်ရင် ငါဖုန်းပြန်ဆက်မယ်"

"Ok "

မနက်စာ စားပြီး ကျောင်းဝတ်စုံဝတ်ပြီး ကျောင်းကိုလာခဲ့ကြသည်။
အတန်းထဲကိုရောက်တော့ ဆရာက ဝင်နေပြီ
ခေါင်းငုံ့ လိုက်တော့ ဆရာက ဝင်ခွင့်ပြုလိုက်သည်။
ဖေဖေပြောသလို ကျွန်တော် ရလဒ်တွေကောင်းနေဖို့လိုတယ်။

" မနက်ဖြန် ဆရာ့ ဘာသာရဲ့ assignment ကိုလုပ်ပြီးတဲ့သူ ဌာနမှာ လာပို့ထားလိုက်နော်"

"ဟုတ်ကဲ့ပါ "

ဆရာက ပြောပြီး ထွက်သွားသည်။
နောက်တစ်ချိန်က အဂ်လိပ်စာအတန်းပင်
korapat ဘေးက သူငယ်ချင်းနှစ်ယောက်က

" korapat မင်းစာအုပ်ကော ကြည့်လိုက်အားလုံးသူမှာ စာအုပ်ပါတယ် မင်း
တစ်ယောက်ပဲ စာအုပ်မပါတာ "

"ဉာဏ်ကောင်းတဲ့သူတွေက စာအုပ်မလိုဘူးလေ ဦးနှောက်ကိုပဲ အသုံးချတာ "

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now