special episode (4)💚❤

101 12 4
                                    

special episode 4
ကျွန်တော်တို့ ဘယ်အချိန်မှာအပျော်ဆုံးလဲသိလား
အဲတာက ကိုယ့်ရဲ့မွေးနေ့မှာ ကိုယ်ချစ်တဲ့သူနဲ့အတူရှိနေရတဲ့အချိန်ပဲ ။ အလုပ်တွေဘယ်လောက်ပဲ များနေပါစေ ကိုယ့်မွေးနေ့ကိုအမှတ်ရပြီး လာပေးတာကိုပဲ ။

ဒါပြီး အခုချိန်မှာ ပျော်စရာကောင်းတာတစ်ခုက ကျွန်တော်တို့ နိုင်ငံမှာ တရားဝင်လက်ထပ်နိုင်တဲ့ဥပဒေကို ထည့်သွင်းလိုက်ပြီ။ ကျွန်တော်ချစ်တဲ့သူနဲ့ တရားဝင် ၊ ထာဝရ နေထိုင်နိုင်ပြီ မဟုတ်လား။

ကျွန်တော့်ရဲ့ တရားဝင်ချစ်သူလေးအဖြစ်သူ့ကိုလူတွေအရှေ့မှာ လက်ချင်းတွဲသွားချင်တာကိုပဲ။

Pawat က အိပ်နေတဲ့ korapat ရဲ့ လက်တွေကို ဆုတ်ကိုင်လိုက်ပြီး နမ်းလိုက်သည်။
သူ့လက်တွေက ဖြူစွပ်နေပြီး ပိန်နေတယ်၊ မဟုတ်ဘူး
ကျွန်တော့်ရဲ့ လက်နဲ့ ယှဥ်လိုက်ရင်ကို ငယ်နေတာ ။
ဒါပြီး လက်ချောင်းတွေက သွယ်ပြီး တိုလည်း တိုသေးတယ် ဒါက တကယ် အူယားစရာလေးပဲ ။ ဒါပြီး သူ့ရဲ့ ပါးချိုင့်တွေ ဒါတွေက တကယ် ဆော့ကစားချင်စရာလေးပဲ ။ ပါးချိုင့်ပါတာက မိန်းမဆန်တယ်ဆိုပေမယ့် သူနဲ့ကျတော့ ချစ်စရာကောင်းနေပြီး တစ်မျိုး
ကြည့်ကောင်းနေတယ် ။

သူ့ပါးချိုင့်တွေကို လက်တို့ပြီး ဆော့ကစားတဲ့အချိန်တွေ မှာ သူ့ကို စ တိုင်း korapat က စိတ်ဆိုးတတ်တယ်၊ သူငယ်ချင်းတွေဖြစ်ပြီးနောက်ပိုင်းတော့ ထိုအရာတွေနဲ့ သူက နေသားကျသွားတယ်ထင်တယ်
အရင်လို စိတ်မဆိုးတော့ပဲ ရယ်သာ ရယ်တတ်တယ်။

သူက ပါးစပ်ကသာ ထုတ်မပြောတတ်တာ သူ့ရဲ့မျက်လုံးတွေက အရမ်းသိသာတယ်။
ဥပမာ သူ ဝမ်းနည်းနေတဲ့အချိန်၊ သူ တစ်ခုခုစိတ်အလိုမကျတဲ့အချိန်၊ သူစိတ်ဆိုးနေတဲ့အချိန်၊ သူပျော်နေတဲ့အချိန်၊ သူသဝန်တိုနေတဲ့အချိန် ၊ သူအမှားတစ်ခုခုလုပ်ထားတဲ့အချိန်။
ဒါတွေက သူမပြောရင်တောင် သူ့မျက်လုံးတွေက သိသာတယ်။

သူကအရမ်းသဝန်တိုတတ်တယ်၊ ကျွန်တော်တခြားတစ်ယောက်ကို စ ရင်တောင် သူက မကြိုက်ကြောင်းပြောတတ်တယ် ဒါက ဝန်ခံတာမဟုတ်ပဲ ကျွန်တော့်ကိုဆူတာမျိုး။ ဒီကလေးက ကျွန်တော့်ထက်အသက် ငယ်ပေမယ့် ကျွန်တော့်ကိုဆူရင်တော့ အဖိုးအိုလေးတစ်ယောက်လိုမျိုးပြောင်းသွားတတ်တယ်။

You've reached the end of published parts.

⏰ Last updated: May 17 ⏰

Add this story to your Library to get notified about new parts!

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now