part(9)

202 10 2
                                    

အအေးဆိုင်ထဲ ဝင်လိုက်ပြီး BubbleTea
နှစ်ခွပ်မှာလိုက်သည် ၊ ဆိုင်အပြင်က ကောင်မလေးတစ်ချို့က ဖုန်းနဲ့ ဓာတ်ပုံတွေရိုက်နေတော့ pawat ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။
ခွပ်နှစ်ခုကို ကိုင်ပြီး ထွက်လာတော့ ကောင်မလေးတစ်ချို့က

" pawat နှစ်ခွပ်ကြီးတောင်သောက်မှာလား"

ကျွန်တော် fan တွေဖက်ကိုလှည့်ကြည့်ပြီးတော​့

" မဟုတ်ဘူးဗျ ကျွန်တော် korapat အတွက်ပါဝယ်လိုက်တာ"

"အော်..."

ကောင်မလေးတွေက phone နဲ့ ဓာတ်ပုံတွေဆက်ရိုက်ပြီးအော်လိုက်သည်။

" korapat က ချစ်ဖို့ကောင်းတယ်နော်"

သူတို့ပြောတော့ ကျွန်တော် ပြုံးပြပြီး ခေါင်းငြိမ့်ပြလိုက်သည် ။
ခွပ်နှစ်ခု ကိုယူပြီး ကားထဲ ဝင်လိုက်သည်။
ကားထဲရောက်တော့ korapat က pawat ပေးတာကိုယူလိုက်တော့
P'Hnin က ကားမောင်းလိုက်သည်။

pawat က korapat ကိုကြည့်လိုက်ပြီး မေးလိုက်သည်။

" မင်း company ကိုသွားမှာလား "

"အင်း ဟုတ်တယ် မင်းကော "

"ငါ အားတယ်လေ မင်းနဲ့အတူလိုက်ခဲ့မယ်
ဒါပြီး သူဌေးကိုလည်းပြောစရာရှိတယ်"

"အင်း လိုက်ခဲ့ ဒါနဲ့ ရှေ့လ ကြရင် ကမ်းခြေသွားကြမလား"

"ရှေ့လ လား ကြည့်ကြည့်မယ် "

"အင်း အချိန်အားရင်​ပြော ငါနဲ့ wachirtwat က သွားမလို့ "

"Ok အချိန်အားရင်ပြောမယ် "

company ကိုရောက်တော့ သူဌေး အခန်းကိုသွားလိုက်သည် ။ အခန်းတံခါးခေါက်ပြီး ဝင်သွားလိုက်သည်။

" ထိုင်ကြ"

ခုံမှာ ဝင်ထိုင်လိုက်သည်၊ သူဌေးက korapat နဲ့ pawat ကိုကြည့်လိုက်ပြီး

" korapat ရုပ်ရှင်ရိုက်ချင်လား "

ကျွန်တော် ရုပ်ရှင်မရိုက်တာ ၁ နှစ်လောက်ရှိပြီ ၊ သူဌေးပြောတော့ ကျွန်တော် စမ်းကြည့်ချင်တယ် ဒါပေမယ့် အချိန်ကကော ရှိပါ့မလား။
korapat အတော်ကြာစဥ်းစားနေတော့ သူဌေးက

" အရင်ဆုံး ဇာတ်ညွှန်းဖတ်ကြည့်လေ တကယ်လို့သဘောကျရင် ရိုက်ကြမယ်လေ "

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now