part(22)

182 8 0
                                    

korapat က အရင်က ကျွန်တော့်အပေါ်သဝန်တိုတတ်ပေမယ့် အကြောင်းပြချက်မရှိပဲတော့ သဝန်မတိုတတ်ပါ ဒါမှမဟုတ် ကျွန်တော်ပဲ သူ့ရဲ့စိတ်ကိုမသိခဲ့တာလား ကျွန်တော် korapat ရဲ့ စိတ်ကိုနားလည်ဖို့ အချိန်တွေတော်တော်ကြိုးစားရအုံးမယ်ထင်တယ် ဘာမဟုတ်တဲ့ ကိစ္စလေးကြောင့် ကျွန်တော်တည်ဆောက်ခဲ့တဲ့ အချစ်အိမ်လေးကို လွယ်လွယ်နဲ့ ကွယ်ပျောက်သွားအောင်လုပ်မှာ မဟုတ်ဘူး ကိတ်မုန့်က ဘယ်လိုမှ
စားလို့မရတော့ဘူး တကယ်တော့ ကျွန်တော်​​မြည်းကြည့်ချင်ခဲ့သေးတာ သူ့လက်ချောင်းသေးသေးလေးနဲ့လုပ်ထားတဲ့ မုန့်လေးကို....
ကျွန်တော်ဘာမှားလည်း ဒီည တစ်ညလုံးတွေးမိတယ် ဒီည ကျွန်တော့်ရဲ့ အိမ်ရှင်လေးက သူ့အခန်းထဲကို ဝင်ခွင့်မပေးဘူး korapat က ကျွန်တော့်အပေါ်တစ်ခါမှဒီလိုမလုပ်ခဲ့ဖူးပါ သူစိတ်ဆိုးနေရင်တောင်ကျွန်တော့်ရှေ့မှာပဲ မကျေနပ်ကြောင်းပြောခဲ့သူ .....။

မနက်နိုးလာပြီး အခန်းအပြင်ကို ထွက်လာလိုက်တော့ pawat က မီးဖိုထဲမှာ မနက်စာကိုပြင်ပေးနေသည် ၊ ကျွန်တော် သူ့ကိုတစ်ချက်ကြည့်ပြီး ေရခဲသေတ္တာ ထဲက ရေကို ယူပြီး သောက်လိုက်သည်၊

" မင်းကြိုက်တဲ့ ပူတင်း လုပ်ပေးထားတယ်မျက်နှာသစ်ပြီး လာစားတော့"

".........."

pawat က သူ့ကိုဘာစကားမှမပြောတဲ့ korapat ကိုကြည့်လိုက်ပြီး

" မင်း ကိုယ့်ကို စကားပြောအုံးလေ မနေ့ညက ကိုယ်မှားသွားတယ် အဲအတွက်လည်း ကိုယ်တောင်းပန်တယ် "

korapat က သူ့လက်ကိုဆွဲထားတဲ့ pawat ကိုကြည့်လိုက်ပြီးတော့

" ငါ့လက်ကိုလွှတ်လိုက်"

"မလွှတ်ဘူး မင်းငါ့ကိုစကားပြောပါအုံး ငါမင်းကျေနပ်အောင် ဘယ်လိုလုပ်ရမလဲ"

အရမ်းကောင်းတဲ့စကားပဲ!

နှစ်ပတ်လည်မှာ တခြားတစ်ယောက်နဲ့ ကိုယ့်ချစ်သူက ညနက်အောင်ထိ အရက်သွားသောက်နေတာ လေ အဆိုးဆုံးသူ အဲလူကို သူကဖက်တောင်ဖက်ထားလိုက်သေးတယ်
ဘယ်လိုတောင်ဆိုးရတာလဲ

" ငါမနေ့ညက ပြောထားပြီးသားမဟုတ်ဘူးလား ထပ်ပြောရအုံးမှာလား"

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now