part(30)

181 10 7
                                    

" ကိုယ်တောင်းပန်တယ်"

"ဘာကို!..."

"အရာအားလုံးအတွက် မင်းကို နာကျင်စရာတွေပဲပေးခဲ့မိလို့ "

သူသိသွားပြီလား ။ pawat က မျက်ရည်တွေသုတ်လိုက်ပြီး ကျွန်တော့် ကို ရယ်ပြနေသည်။
ကျွန်တော် တို့ ခုံမှာ ဝင်ထိုင်လိုက်ပြီးတော့
Pawat က ပထမဆုံးစကားဆိုလာသည် ။

" ပါးပါး နဲ့ စကားများလာတာ  ဘာလို့ ကိုယ့်ကို မပြောပြရတာလဲ "

" ငါတကယ် တော့ အဲနေ့က မင်းကိုဖုန်းခေါ်သေးတယ် မင်းအစည်းဝေးခန်း ဝင်နေတယ်ဆိုလို့ ဒါပြီး ငါလည်း အများကြီးစဥ်းစားမိသွားတယ် အဲ ကြောင့် မင်းကိုဘာမှ မပြောလိုက်တော့တာ သေချာ စဥ်းစားရင် မင်းပါးပါး ပြောတာလည်း ဟုတ်နေတာပဲ "

Pawat က ကျွန်တော့်ကိုကြည့်လာပြီးတော့ !

"မင်းသိလား ငါမင်းကို ချစ်တယ်ဆိုတာ လွယ်လွယ်နဲ့ တွေးပြီး လွယ်လွယ်​ပြောခဲ့တာ မဟုတ်ဘူး အချိန်အများကြီး စဥ်းစားခဲ့တာ ငါ ငယ်ငယ်က အရမ်းဆိုးတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တာ အမြဲ အတန်းမှာ ရန်တွေဖြစ်တယ် ။ ဒါပြီး အမှားတွေအများကြီးလုပ်တယ် အချစ်ဆိုတာကို တစ်ခါမှတောင်မတွေးခဲ့ဖူးဘူး လူတစ်ယောက်ကို စွဲစွဲလမ်းလမ်းချစ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ခဲ့ဘူး။
ဒါပေမယ့် မင်းနဲ့ တွေ့ပြီးနောက်ပိုင်း မင်းကိုချစ်တာ ကိုယ့်ဟာကို သိပြီးနောက်ပိုင်း အများကြီးတွေးခဲ့တယ် တကယ်ဟုတ်မဟုတ်ကို ငါတွေးခဲ့တာတစ်ခုက အနာဂတ်မှာ
ဘာတွေပဲ ဖြစ်လာပါစေ ငါမင်းကို ထားမသွားဘူးဆိုတာပဲ "

"Pawat! ငါတို့ အခြေနေကိုမင်းလည်း သိတာပဲ နည်းနည်းလေး ဆိုရင်တောင် သတင်းတွေက internet ပေါ်ရောက်သွားမှာ
အနှေး နဲ့အမြန်တော့ မင်းပါးပါးသိမှာပဲ
အဲလိုဆို မင်းကိုအဝေးဆုံးကိုပို့လိုက်ရင်ဘယ်လိုလုပ်မှာလဲ ဒါပြီး တစ်ခုက မင်းတို့ အိမ်ပြောင်းတော့မှာဆို "

Pawat က ခေါင်းငြိမ့်ပြလိုက်သည် ဟုတ်တယ် အိမ်ပြောင်းတော့မှာ ဒါနဲ့ပဲ ငါတို့မတွေ့တော့ဘူးလို့ ဆိုလိုတာမှမဟုတ်တာ တစ်မြို့ထဲရှိနေသရွေ့အဆင်ပြေတယ်။

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now