part(13)

203 10 2
                                    

အရင်နေ့တွေကထက် pawat က ပိုပြီးတတ်ကြွနေတယ် ၊ ကျွန်တော် pawat ကိုကြည့်လိုက်ပြီး ကားအသေးလေး ကို ယူပြပြီး

" မင်း ဒါလေးကြိုက်လား "

"ဟေး မင်းကြည့်မယ် အခုပေါ်တဲ့ နောက်ဆုံး လား ဒါက စျေးနူန်းကတော့အရမ်းကြီးတယ်"

"ဟုတ်တယ် စျေးအရမ်းကြီးတယ်  မင်းမွေးနေ့တုန်းက ရထားတဲ့ ကားထက် နည်းနည်းပဲ လျော့တာ "

"အမှန်ပဲ ငါ အနာဂတ်မှာ အနုပညာအလုပ်မလုပ်ပဲ ကားပြိုင်ရမလား "

"အရမ်း အန္တာရယ် များတယ် "

"တကယ်သဘောကျတာ "

သူ ကားပြိုင်မယ်ပြောတော့ ကျွန်တော် နည်းနည်းတော့ သဘောမကျဘူး ဘာလို့ဆို ကျွန်တော်က ကိုယ်ချစ်တဲ့ သူတွေကို အရမ်းစိုးရိမ်းတတ်တာ ဒါပေမယ့် ဘာပြောနိုင်မှာလဲ
လူတိုင်းမှာ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်လေ။

internet က ကားdesign ပုံတွေကို သေချာကြည့်နေတဲ့ pawat ကို

" မင်း ငါ မနက်ဖြန် ဘောလုံးပြိုင်ပွဲရှိတယ် Ic နဲ့ "

"ငါလာခဲ့မယ် ဘယ်အချိန်လဲ "

"၃ နာရီ မင်းရူတင်ရှိလား "

"မရှိဘူး ရတယ် လာခဲ့မယ် နည်းနည်းတော့နောက်ကျမယ် "

"အင်း ရတယ် "

korapat ရဲ့အနားကို သွားလိုက်ပြီး ခုံကို
ယူပြီး ထိုင်လိုက်သည် ၊ သူအခုတလော ကျွန်တော် မလာ ဖြစ်တဲ့နေ့တွေမှာ ဘာလုပ်နေလဲ သိချင်တယ် ။

" မင်း အရင်နေ့တွေက ဘာလုပ်နေလဲ "

"စာလုပ်နေတယ် "

"ဒါပဲလား "

"ဘာရှိအုံးမှာလဲ "

ပြောပြီး pawat ကို ကြည့်လိုက်သည်၊ မျက်လုံးဝိုင်းဝိုင်းနဲ့ ပြုံးပြုံးကြီးကြည့်နေတယ် ကျွန်တော် ရှက်လာတော့ သူ့ ခေါင်းကို ပေတံ နဲ့ တစ်ချက်ရိုက်လိုက်ပြီး

" ဘာကြည့်နေကြတာလဲ "

"မင်းဆီက အနမ်းလေး ရမလားလို့လေ "

"စိတ်ကူးယဥ်နေလိုက် ... တစ်ခုခုသွားစားကြမယ်"

"အပြင်ထွက်ကြမယ် "

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now