part(15)

228 12 2
                                    

ဒီနေ့က ဇာတ်လမ်းမိတ်ဆက်ပဲွဲ ... korapat က မိတ်ဆက်ပွဲကိုရောက်နှင့်နေပြီ ခဏ ကြာတော့ pawat နဲ့ wachirtwat က ရောက်လာပြီး korapat ကိုဖတ်ပြီး အားပေးလိုက်သည်။

" ငါ စင်အောက်က ကြည့်နေမယ် "

"Ok "

korapat က စင်ပေါ်မှာ ဒါရိုက်တာ တွေနဲ့ နောက်ထပ် အတူတွဲသရုပ်ဆောင်မယ့်
သရုပ်ဆောင်နှစ်ယောက်နဲ့ အတူ ထိုင်ပြီး ဇာတ်လမ်းအကြောင်း ရှင်းပြနေသည်။
ကျွန်တော် ဖုန်းကို ထုတ်လိုက်ပြီး korapat ကို ဓာတ်ပုံရိုက်လိုက်သည်။
ထိုခဏမှာ korapat က pawat ကိုရယ်ပြလိုက်သည်။
wachirtwat က pawat ကိုကြည့်ပြီး

" တော်လောက်ပြီ သူငယ်ချင်းလေး မင်းဖုန်းရဲ့ gallery မှာ korapat ပုံတွေနဲ့ ပြည့်နေအုံးမယ် အဲလောက်အဖြစ်သည်းမနေနဲ့ "

pawat က wachirtwat အနားတိုးကပ်လိုက်ပြီး အသံတိုးတိုးလေးနဲ့

" ငါ့ကောင်လေးပုံတွေပြည့်နေမှ သူ့ကိုလွမ်းတဲ့အချိန်တွေဆို ကြည့်လို့ရမှာလေ "

"ခွေးကောင် ငါ့နားကဝေးဝေးသွား "

pawat က ရယ်လိုက်ပြီးတော့ ဖုန်းကို သိမ်းလိုက်သည်။
စင်ပေါ်က ကျွန်တော့် ကောင်လေး စကားပြောတာကို အာရုံစိုက်လိုက်သည်။
သူ့အတွက် ကျွန်တော် အမြဲ အားပေးနေမယ်။
ပရိတ်သတ်တွေက လက်ခုပ်တီးလိုက်တော့မှ
ကျွန်တော်ပြန်ပြီး အသိတရား ဝင်တော့သည်။

korapat ရဲ့ တွဲဖက်နဲ့ အရင်က ကျွန်တော် ဇာတ်လမ်းမှာ အတူတူ သရုပ်ဆောင် ဖူးတော့
သွားပြီး နုတ်ဆက်လိုက်သည်။

" မင်း အတွက် ဝမ်းသာတယ်နော် "

"ကျေးဇူးပဲ သူငယ်ချင်း လာပေးလို့ "

"ရတယ် "

ပြောပြီး လက်ဆွဲနုတ်ဆက်ပြီး ဖက်လိုက်သည်။.......

ကျွန်တော် pawat ကိုကြည့်လိုက်တော့ ကျွန်တော် မဟုတ်တဲ့ တခြားတစ်ယောက်ကို ဖတ်နေတာပင် ကျွန်တော် သဝန်မတိုပါ အလုပ်သဘောအရ ခင်ကြတဲ့ သူငယ်ချင်းကို နုတ်ဆက်ပြီး အားပေးတာ ပုံမှန်ပင်
ဒါပေမယ့် သူ ကျွန်တော့်ဆီ အရင်လာသင့်တယ်လေ မဟုတ်ဘူးလား ?

pawat က ပြုံးပြုံးကြီးနဲ့ လာကြည့်ပြီး korapat အနားကိုလာဖို့လုပ်လိုက်ပေမယ့် korapat က ဒါရိုက်တာ တွေနဲ့ စကား​ပြောနေလို့ pawat က အပြင်မှာပဲ ရပ်နေလိုက်သည်။

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now