part(21)

173 10 2
                                    

Citymark ကို အတူမသွားဖြစ်တာတောင်ကြာပြီ ရာသီဥတုက အခုတလော မိုးတွေရွာနေတယ် မိုးရာသီတောင်ရောက်တော့မယ်ထင်တယ် ကလေးတွေလူကြီးတွေ အစုံပဲ ဒါပြီးတစ်ချို့အရာတွေဆို မိသားစုတွေ ကျွန်တော်မိသားစုဆိုတာကိုတွေးကြည့်လိုက်ရင် ကျွန်တော်ပျော်တယ် နောက်အနာဂတ်မှာ korapat နဲ့အတူရှိနေရမယ်ဆိုတဲ့ အရာနဲ့ ပျော်တယ်

"Pawat မင်းမှာ facemark ရှိသေးလား"

"၃ခုလောက်ပဲရှိပြီ"

"ယူလိုက်မယ်နော် ဒါပြီး ရေချိုးဆပ်ပြာရော"

pawat က လှည်းကိုတွန်းပြီး ပစ္စည်းတွေယူနေတဲ့korapat အနားကို တိုးလိုက်ပြီး

"ရေချိုးဆပ်ပြာ အနံ့ထက် မင်းအနံ့လေးကပိုမွှေးတယ် "

ဘယ်လိုတောင်အရှက်မရှိရတာလည်း ဒီနားမှာ ဘယ်သူမှမရှိဘူးဆိုပေမယ့် pawat ပြောလိုက်စကားက တကယ် ကြောက်စရာကောင်းတယ်

" အဲဆိုမယူတော့ဘူးလား "

"ဟေး ယူမယ်ယူမယ် ငါမစတော့ဘူး "

ရယ်ပြီးပြောနေတဲ့ pawat ကိုကြည့်ပြီး လက်ကိုတစ်ချက်ရိုက်လိုက်သည် ဒါပြီး အရှေ့ခပ်လှမ်းလှမ်းကပဲ သွားလိုက်သည်
ကောင်တာ ကိုရောက်တော့ korapat က ပစ္စည်းတွေကို ထုတ်လိုက်တော့ အသီးတွေရော သေရေစာ တွေရော ဘယ်အချိန်ထဲက ကျွန်တော်မသိအောင်ထည့်ထားတာလဲ

" ဒါတွေဘယ်အချိန်က ဝယ်ထားတာလည်း"

"မင်းအတွက်လေ မင်းကြိုက်တယ်မလား"

"ဒါပေမယ့် တစ်ထုပ် နှစ်ထုပ်ဆိုတော်ပြီလေ အခုက ပါကင်လိုက်ကြီး မင်းဟာက ဆိုင်ဖွင့်မလို့လား"

korapat က ပြန်ချဖို့လုပ်တော့ pawat က အတင်းဆဲွဲပြီး

" ဒါတွေ ငါပေးမှာ ပြန်တော့ မချလိုက်နဲ့ ဒါပြီး date တွေကလည်း ကုန်မှာ အဝေးကြီးလိုသေးတယ်လေ မင်းအေးဆေးစားလို့ ရတယ် "

"မင်းက ငါ့ကို တစ်ခါတည်း မုန့်တွေအကုန်ငြီးငွေ့သွားအောင်လုပ်နေတာပဲ"

"ယူမယ်နော် အချစ်"

korapat က ပါးစပ်ကိုအတင်း ပိတ်လိုက်ပြီး ကောင်တာက ကောင်မလေးကိုကြည့်လိုက်သည် ၊ ထိုကောင်မလေးက ပြုံးစိစိနဲ့ တော်သေးတယ် mask တပ်ထားလို့ မဟုတ်ရင် အရမ်းရှက်စရာကောင်းနေမှာ ၊
ငွေရှင်းပြီးလို့ အထုတ်တွေကိုကားထဲ သွင်းလိုက်ပြီးတော့

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now