part(11)

241 13 2
                                    

ဆူချီစားကိုစားနေရင်း pawat ကိုကြည့်လိုက်တယ် သူကပုံမှန်ဆို အများကြီးတွေးတဲ့
သူမဟုတ်ဘူး ကျွန်တော် သူ့အကြောင်းသိပ်မသိဘူး ဒါပေမယ့် သေချာတာက သူ့ကို ကျွန်တော်အကြံဉာဏ်တစ်ချို့တော့ ပေးနိုင်မယ်ထင်တယ် ၊

" မင်း အဆောင်ရောက်ရင် ငါနဲ့ ရုပ်ရှင်အတူကြည့်ကြမယ် "

pawat က korapat ကို ကြည့်လိုက်ပြီး

" ငါတို့ဟိုနေ့ကပဲ ကြည့်ထားတာမဟုတ်ဘူးလား ထက်ကြည့်အုံးမလို့လား မင်းပြောတော့ စာမေးပွဲရှိလို့ စာလုပ်ရမယ်ဆို "

"စာလုပ်ရမှာ ပျင်းတယ် ရုပ်ရှင်ပဲ ကြည့်ချင်တယ် အသစ်ထွက်ထားတဲ့ သရဲကားကြည့်ကြမယ် ငါ download တောင်လုပ်ထားပြီ"

သရဲကား လို့ပြောတော့ ကျွန​်တော် korapat ကိုတစ်ချက်ကြည့်လိုက်ပြီး ဘာလို့ သရဲကား ကြည့်ရမှာလဲ ကြည့်ချင်းကြည့် အချစ် ကားပဲ ကြည့်ရမှာမဟုတ်ဘူးလား...

" မင်းသဘောပဲ "

" ok "

စားသောက်ပြီးလို့ ငွေရှင်းပြီးထွက်လာခဲ့လိုက်ပြီးတော့ ကားထဲ ရောက်တော့ korapatက

" မနက်ဖြန် အိမ်ကို သွားမလို့ "

သူ့ပုံစံကြည့်ရတာ တစ်ခုခုအဆင်မပြေမှန်း ကျွန်တော် သိလိုက် တယ် korapat ရဲ့ လက်ကိုကိုင်လိုက်ပြီး

" မနက်ဖြန် အတူတူ သွားကြမလား ငါလည်း အန်တီကို သတိရတယ် "

" မင်းမှာ အချိန်ကောရှိရဲ့လား "

"ရတယ် မနက်ဖြန် အချိန်ရှိတယ် ဘာလို့လဲ မခေါ်ချင်ဘူးလား "

"မဟုတ်ဘူး ရတယ် "

"မင်းအရင်ကဆို မင်းအခန်းကို ငါလာပြီဆိုရင် pawat ဘာလာလုပ်တာလဲ ဆိုပြီး အမြဲပြောလို့လေ "

ကျွန်တော် pawat မျက်နှာကိုကြည့်လိုက်ပြီး ရယ်လိုက်မိတယ် ဘာလို့ အရင်က အကြောင်းတွေကိုလာပြောနေတာလဲ ဆယ်ကျော်သက်က အကြောင်းတွေကိုအခုထိ မှတ်ထားတာလား ၊

" အဲတာ အရင်ကလေ ဒါပြီး မင်းက ငါ့အခန်းလာရင် ပေါက်ကရတွေလျှောက်လုပ်လို့လေ"

"အခုကော "

"အခုက ပြောစရာလိုသေးလား ငါမင်းကိုအများကြီးခွင့်ပြုထားတာလေ "

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now