part-1(uni)

1.9K 33 0
                                    

ဒီနေ့က ရတီချိုတို့ရဲ့အိမ်ပြောင်းတဲ့နေ့ပေါ့...
မေမေနဲ့ဖေဖေက အိမ်အသစ်သို့ရောက်ထဲက အလုပ်တွေရှုပ်နေကြသည်။
ရတီက အခု 5 နှစ်အရွယ်ရှိပြီဖြစ်သည်။မေမေနဲ့ဖေဖေအလုပ်ရှုပ်နေတုန်းရတီအကြိုက်ဆုံးဝက်ဝံရုပ်ကလေးအားယူကာအိမ်ခြံဝန်းထဲသို့ဆင်းပြီးဆော့နေလိုက်သည်။

"အ....."

.ရတီပုရောဆိတ်အတန်းကြီးသွားနေတာကိုစူးစမ်းနေတုန်းရတီခေါင်းအားတစ်ခုခုလာထိမုန်တော့နာသွားသည်။ဘေးဘီကိုကြည့်လိုက်တော့ ကြက်တောင်တစ်ခုပင်...။

"ဟဲ့......"

ရတီထိုကြက်တောင်လေးအားကြည့်နေတုန်းအသံကြားသည်ကြောင့်အသံလာရာအားကြည့်လိုက်သည်။ရတီထက်အသက်အနည်းငယ်ကြီးပုံရသည့်ကောင်လေးတစ်ယောက်ပင်။

"နင့်ဆီကိုလေ ကြက်တောင်ကျသွားလို့အဲ့တာယူပေးပါလား။"

ရတီလည်းသူမကိုထိသွားသည်ကြောင့် နဂိုတည်းမှ ရှိနေတတ်သည့်ဂျစ်ကန်ကန်အကျင့်ဆိုးလေးကြောင့်ထလိုက်ကာ ထိုကောင်လေးအားကြည့်ပြီး ။

"မယူပေးပါဘူး ကိုယ်ဘာသာယူပေါ့။"

ခြံစည်းရိုးတံခါးသည်ပိတ်ထားသည်ကြောင့်ထိုကောင်လေးဝင်လို့မရမှာကိုရတီသိသည်။ထိုကောင်လေးကတော့ဒေါသထွက်သွားသယောင်။...

"မောင်လေး..ဘာဖြစ်လို့ဒီလောက်ကြာနေရသလဲ။"

ရတီရောက်လာသည့်အစ်မကိုကြည့်လိုက်တော့ ထိုကောင်လေးလဲ ရတီ့နည်းတူကြည့်ပြီး..ထိုအမဆီသို့သွားကာ....။

"သည်မှာ ဒီလူပု..စိတ်ပုတ်က သားကိုမယူပေးဘူး...အဲ့တာကြောင့်ကြာနေတာမမ။"

"ဟုတ်လား.."

ထိုအစ်မက ရတီ့ကိုမျက်နှာလွဲဲကြည့်ကာ.....ပြီးနောက်ရတီ့အနားသို့လျှောက်
.လာ၍.....ထိုအစ်မက ပြုံးပြီး ရတီ့အားကြည့်လျက်..

"ကလေးက..ဒီကိုအခုမှပြောင်းလာတာလား။"

ရတီထိုအစ်မကိုဝက်ဝံရုပ်လေးအားပိုက်ရက်သားကြောင်ကြည့်နေမိသည်။ထိုအမနားမှရတီသဘောကျရသည့် ဆံပင်.ကောက်ကွေးလေးတွေရှိနေသည်..။ရတီသဘောကျမိသည်။.ထိုအစ်မက ရတီမျက်နှာရှေ့ လက်ဝါးဖြင့် ရမ်းကာ...

#What is love #Where stories live. Discover now