part-11(uni)

336 11 0
                                    

......ခင်သမီးကိုပြောမရသည့်အဆုံးမောပန်းစွာအောက်ထပ်သို့ပြန်ဆင်းလာမိသည်။

"အန်တီရေ..အန်တီ...။"

အော်ခေါ်သံကြောင့် သူမသွားကာ..တံခါးသွားဖွင့်လိုက်တော့..သမီးလေးရဲ့သူငယ်ချင်းပင်..။

"သမီးလေး..လာကွယ်။"

"ဟုတ်ကဲ့အန်တီ......."

ဆိုဖာပေါ်တွင်ထိုင်လိုက်ကြကာ

"အပူသောက်မလားအအေးသောက်မလားသမီး....။"

"ရတယ်အန်တီဘာမှမလုပ်ပေးပါနဲ့တော့..သမီးပြောစရာလေးရှိလို့..။"

"အေ အန်တီလည်းသမီးကိုမေးခြင်နေတာ.."

"ကျောင်းမှာဘာဖြစ်ခဲ့တာလည်းကွယ်ရတီလေးက....ဟိုးတစ်နေ့တည်းက အခန်းထဲမှာပဲနေတာ.ထမင်းစားဖို့ခေါ်လည်းမရ......အခုထိပဲ....။"

"အင်းဟုတ်တယ်အန်တီ.....ရတီကျောင်းမှာနာမည်ထွက်နေတယ်။ရတီက အစကတည်းက ကျောင်းမှာqueenဆိုတော့..အဲ့ဒီကိစ္စက တစ်ကျောင်းလုံးမှာဟိုးလေးတစ်ကျော်ဖြစ်သွားတာပဲအန်တီ..။"

"ဟေ..ဘာကိစ္စမို့လဲသမီးရဲ့.....။_

"ကျောင်းမှာရတီ့ကိုဘယ်သူတမင်လုပ်လိုက်လည်းမသိပါဘူး..သေချာတာကတော့ရတီ့အပေါ်အငြိုးရှိလို့တစ်မင်သက်သက်ကြီးကိုလုပ်လိုက်တာအန်တီ......။"

"ဟေ ဘာများလဲကွယ်..."

ခင်သမီးလေးအားစိုးရိမ်မိသွားသည်။

"ရတီနဲ့ဘေးအိမ်က အမကိစ္စလေ.....ရတီနဲ့ အဲဒီအမနဲ့တွဲနေတယ်လို့ထင်ရတယ့် ဓာတ်ပုံတွေ အမည်မသိအကောင့်တစ်ခု.က.တစ်ကျောင်းလုံးကိုဖွတင်လိုက်တာအန်တီ....။"

"ဟေ......။အေကွယ်..အသိပေးတာကျေးဇူးပဲသမီးရယ်....။"

"ရတီ..အဆင်ပြေရဲ့လားအန်တီ.သူအရမ်းရှက်နေရှာမှာ....။"

"အင်းကွယ်အန်တီလည်းဖြောင်းဖြကြည့်ပါမယ်..။အခုအဲ့ဒီဓာတ်ပုံတွေရော..ဖြတ်ပြီးပြီလားသမီး...."

"အခုထိတော့မဖြတ်ပေးရသေးဘူးအန်တီ...ဒါပေမယ့်...သမီးအကိုက..computerကျွမ်းကျင်သူဆိုတော့..သမီးသူ့ကိုတော့အကူအညီတောင်းထားတယ်။ရတီ့ကိုအားပေးပေးပါနော်..အန်တီ..သူ့ဘက်မှာသမီးတို့တွေရှိနေသေးတယ်လို့...။"

#What is love #Where stories live. Discover now