part-6(uni)

413 12 0
                                    

....ရတီ့အသက်17ရှိပြီဖြစ်သည်။...မွေးနေ့ပွဲတုန်းက ရတီအားပေးခဲ့တဲ့မမရဲ့လက်ဆောင်
လက်ပက်နာရီလေးအား..သုလေးကိုပေးလိုက်သည်။သူမနှင့်ပက်သက်သမျှကိုရတီရွံရှာမုန်းတီးလှသည်။
သူမနှင့်သုလေးတို့တွဲတာ...သုံးလရှိပြီ...အခုလောက်ဆိုမမလည်းရတီနဲ့သုလေးတွဲနေတာသိသွားလောက်ပြီလို့ထင်သည်..။သုလေးက ရတီ့အားဂရုစိုက်ရှာပါသည်။သုလေးအပေါ်ရတီဘယ်လိုသဘောထားသည်မသိ..သေချာတာကတော့..မမအတွက်ရတီအခုလိုလုပ်တာဟာနာကျင်ရလိမ့်မယ်လို့ထင်သည်။
မောင်လေ..မအတွက်....လက်ဆောင်လေးပြင်ဆင်လာတယ်သိလား...။သူမတို့ပန်းခြံတစ်ခုထဲက သစ်ပင်ရိပ်အောက်က ခုံတန်းလေးပေါ်တွင်..။

"ဘာလဲ..မောင်..။"

"သိခြင်ရင်..မျက်လုံးမှိတ်..။"

ရတီသုလေးအားမျက်စောင်းထိုးလိုက်ကာမျက်လုံးကိုသူ့အလိုကျမှိတ်လိုက်သည်။

"ကြည့်လို့ရပါပြီဗျ...။"

ရတီမျက်လုံးအားပြန်ဖွင့်လိုက်တော့ လက်ကောက်ဝတ်နားက..လက်ကောက်သီးလေးတစ်ခု...။

"ဟာ...လှလိုက်တာ...။"

"အင်း..မ ကြိုက်တယ်မဟုတ်လားဟင်..။"

"ကြိုက်တာပေါ့မောင်ရဲ့ မတန်ဖိုးထားပါ့မယ်နော်..။"

"..ဒီမှာလေ မောင့်နားမှာတစ်ခု...မကနေ..မောင်ကလမင်းကြီးပေါ့.....။မရှိ မှမောင်ကထွန်းလင်းနိုင်မှာ"

"အမလေး..စကားတွေတတ်နေလိုက်တာနော်....။"

"မ ဘယ်တော့မှမချွတ်ရဘူးနော်..။"

"မချွတ်ပါဘူးမောင်ရဲ့.....။"

ရတီသုလေးပုခုံးပေါ်အားခေါင်းမှီလိုက်သည်။

ဒီနေ့ရဲ့ရှုခင်းဟာပုဇွန်ဆီရောင်ဖြစ်ပြီသာယာလှပနေသည်။

~~~~~~~~~~~~~~~~

ရတီ.စံပယ်ပန်းပင်လေးတွေအားရေလောင်းနေလိုက်သည်။အမအဖွားအိမ်က ယူလာတဲ့စံပယ်ပန်းလေးဟာ..တော်တော်ကြီး
လာပြီဖြစ်သည်။အခုပန်းပွင့်လေးတောင်ပွင့်ပြီး..မွှေးပြန့်လို့။

"ကလေးရေ.......။ "

ရတီ..ရေပိုက်အားခြကာ..ခြံတံခါးသွားဖွင့်ပေးလိုက်သည်။

#What is love #Where stories live. Discover now