part-5(uni)

363 9 0
                                    

"ဟုတ်ပြီလေ ကလေးအဆင်ပြေသလိုလုပ်ကြတာပေါ့..မမအိမ်ကိုဖုန်းဆက်ပြောပြီး..အန်တီနဲ့အန်ကယ်ကိုသွားပြောလိုက်အုန်းမယ်နော်။"

"ဟုတ်ကဲ့....။"

မမအခန်းထဲသို့ပြန်ဝင်လာတော့..ရတီဘာကြောင့်မှန်းမသိ လက်ဖျားခြေဖျားတွေအေးစက်တုန်ရီလာသည်..စိတ်လှုပ်ရှားကာရင်ဘက်ထဲမှာလဲအခုန်မြန်လာခဲ့သည်။...
အိပ်ရာက..အိစိမ့်သွားတာကြောင့်..ရတီကျောပေးရာမှ မမဘက်သို့လှည့်လိုက်တော့ အကြည့်ခြင်းစုံသွားကြသည်နှစ်ယောက်လုံးမှင်သက်အံသြလျက်တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေမိကြသည်။

"ဟင်....။"

မမကရုတ်တစ်ရက်သူမခေါင်းကိုဆွဲ
ခြကာ..ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်တာကြောင့်ကြောင်သွားသည်။

"အိပ်တော့လေ ကလေးရဲ့..။"

"အမ်...ဟုတ်ကဲ့.....။"

အသံများတုန်ရီနေသည်။မမနဲ့အခုလိုနီးနီးကပ်ကြီး မနေဖူးလို့ဟုတ်မယ်..စိတ်တွေလှုပ်ရှားလို့........ ။
ကလေးအိပ်ပျော်သွားပြီဟုတ်မယ်.....။
နင်ဘာဖြစ်နေတာလဲ အိန္ဒြာရဲ့...စိတ်ထိန်းစမ်းပါ..။
ကလေးအိပ်ပျော်သွားပေမယ့် အိန္ဒြာကတော့....ဘယ်လိုမှအိပ်၍ မရပါ....။ရင်ခုန်ရလွန်းလို့ရူးတော့မယ်။
မနက်သို့ရောက်တော့ရတီမျက်လုံးဖွင့်ကာဖွင့်ဖွင့်ခြင်းမမကိုတွေ့လိုက်ရသည့်အတွက်ကြောင့်ရှက်မိသွားသည်။
မမကတော့အိပ်ပျော်နေဆဲ.......။
ရတီထကာသန့်စင်ခန်းထဲသို့ဝင်၍...သွားတိုက်မျက်နှာသစ်ပြီးရေမိုးချိုးပြီး ပြင်ဆင်လိုက်သည်။
သနပ်ခါးသွေးပြီးလိမ်းကာ...ခါးကျော်သည့်ရှည်နေပြီဖြစ်သောဆံနွယ်များကိုတော့..နှစ်ဖက်စည်းလိုက်သည်။
မုန်ထဲတွင်တွေ့နေရသောရတီသည် တစ်မျိုးလေးချစ်ဖို့ကောင်းနေလေသည်။

"ကလေး....။"

ရတီမမဘက်သို့..လှည့်ကြည့်လိုက်တော့......မမဝတ်ထားသည့်
တီရှုပ်အက်ျီက ကြယ်သည်းတွေပြုတ်နေသည်ကြောင့်..အတွင်းခံဇာဘော်လီပန်းနုရောင်လေးကိုတွေ့လိုက်ရပြီး....ချက်ခြင်းမျက်နှာလွှဲကာ...

"မမမျက်နှာသစ်လိုက်အုံးရတီ..သွားတိုက်တပွတ်သံအသစ်ထားထားပေးတယ်...။"

#What is love #Where stories live. Discover now