part-2(uni)

480 16 0
                                    

ဆယ်နှစ်ခန့်ကြာသော်....................

ရတီ အခုဆို.....ဆယ်တန်းသို့ရောက်ပြီဖြစ်သည်..။
အသားအရောင်ဖြူဖွေးစွတ်ပြီး.​မျက်တောင်လေးတွေကော့တတ်နေကာ မျက်ဝန်းကျယ်ကျယ်နှင့်ရတီဆိုသည့်ကောင်မလေးဟာ..အရုပ်မလေးအတိုင်း..။အပျိုပေါက်လေးဖြစ်နေပြီကြောင့်..ခန္ဓာကိုယ်အချိုးအစားဟာပြေပြစ်လာပြီး လှသွေးကြွယ်လာသည်။သွယ်လျတဲ့မျက်နှာအချိုးအစားလေးနှင့်..ခါးလောက်ရှိသည့်ဆံနွယ်ရှည်တွေဟာလိုက်ဖက်လွန်းလှသည်။နုတ်ခမ်းဖူးဖူးလေးက.. စွဲမက်စရာဖြစ်နေပြီး.အကြည့်မျက်ဝန်းတွေဟာညို့ယူနိုင်စွမ်းရှိလှသည်။မြင်သူတကာ လည်ပြန်ငေးယူရအောင်လှလွန်းနေသည့်ရတီဟာသူမတို့အရွယ်တွေကြားမှာ.ထင်ပေါ်ကျော်ကြားလွန်းလှသည်။

"သမီးရေ.....ပြီးပြီလား....။"

လာပြီမေမေ....သူမဘိတ်အိတ်ကိုလွယ်ကာ..အောက်သို့ဆင်းသွားလိုက်သည်။
ငါ့သမီးလေးတစ်နေ့တစ်ခြားပိုပိုပြီးလှသွေးကြွယ်လာတာပဲနော်..။ရတီစားပွဲခုံတွင်ဝင်ထိုင်ကာ.....

မနက်စာပါမုန့်နှင့်ကော်ဖီအားစားနေလိုက်သည်။

"မင်းနဲ့တူလို့ဖြစ်မှာပေါ့...။"

"ဟုတ်တယ်ကျွန်မနဲ့တူလို့ပေါ့...။"

ကယ်သားဖနှစ်ယောက်ဂရုစိုက်သွားကြအုန်းနော် ကို ကားကိုဂရုစိုက်မောင်းနော်..။

"ဟုတ်ပါပြီ..ချစ်ဇနီးလေးရဲ့ကိုယ်တို့သွားပြီနော်။"

ကားပေါ်တွင်..။

"သမီး.မုန့်ဖိုးကုန်ရင်ဖေဖေ့ကိုပြောနော်....။ရတီ့နားမှာရှိပါသေးတယ်လိုရင်ပြောပါ့မယ်ဖေဖေ။"

"အင်းဒါနဲ့ကျောင်းမှာစာလိုက်နိုင်ရဲ့လားသမီးလေး..။"

"ဟုတ်ကဲ့လိုက်နိုင်ပါတယ်ဖေဖေ.....မမကလည်း..ရတီ့ကိုမရတဲ့စာတွေသင်ပေးတယ်လေ..။"

"အင်း....."

မမသည်ကျောင်းပြီးသွား၍.ဘွဲ့ယူရမယ့်ရက်အားစောင့်ကာရတီ့ကို..အချိန်ပိုင်း.စာသင်ပေးလေသည်။
မမရဲ့မောင် ထွန်းထက်မြတ်ကတော့နိုင်ငံခြားဘာသာအားစိတ်ဝင်စားလှသည်ကြောင့်အမေရိကန်တွင် ကျောင်းတတ်နေသည်။
ကျောင်းသို့ရောက်သည့်အချိန်တွင်သူမဖေဖေအားနုတ်ဆက်၍ ကျောင်းခန်းထဲသို့ဝင်လာလိုက်သည်။
ရတီလေး...ကိုယ်ကမင်းလေးအလာကိုမျှော်နေတာ။
ကျောင်းမှ... သူမအားစွဲလမ်းနေပါသော..တစ်နှစ်ကျအစ်ကိုကြီး.....စာတော်ပြီး..ရုပ်ရည်ကလည်းသန့်ပြန့်သည့်အထဲမှာပါပေမယ့်ရတီကတော့ထိုသူအားမြင်ခြင်စိတ်တောင်မရှိပါ။ဒါပေမယ့်သူ့ကြောင့်.ရတီ့ကိုရိသဲ့သဲ့လုပ်ခြင်သည့်..ယောကျာ်းလေးတွေထံမှ..လွတ်မြောက်နေရသည်..။သူက.ရတီအားကြိုက်နေပါသည်ဟု သူကိုယ်တိုင်ကြေညာပြီးကတည်းက ယောကျာ်းသားများဟာရတီအားမကပ်ရဲကြတော့..။
ရတီ.....။ရတီဟာငယ်ငယ်ကလိုမဟုတ်တော့..အခုဆို...ခင်ရတဲ့
သူငယ်ချင်းသုံးယောက်ရှိပြီဖြစ်သည်။
ဘာလည်း...။ငါတို့အပြင်တစ်နေရာသွားကြရအောင်.ကျောင်းတက်သေးတာမဟုတ်ဘူး​
။သူမကို..အပြင်သွားဖို့ခေါ်သည့်အလိုက်သိတက်သည့်သူငယ်ချင်းဖြစ်သူ ဖြိုးဝတီအားသူမကျေးဇူးအထူးတင်မိသည်။အနည်းဆုံးတော့ဒီတဏှာရူးလက်ထဲက လွတ်မြောက်သည်ပေါ့..။

#What is love #Where stories live. Discover now