part-12(uni)

636 17 0
                                    

..".အင်း ပြီးပြီ...အရမ်းလှတာပဲနော်သမီးလေးက...."

.ရတီ့ကိုမိတ်ကပ်ပြင်ပေးသည့်အမမှဆိုသည်။
ဆံပင်မိတ်ကပ်.အက်ျီအားလုံးပြင်ဆင်ဝတ်ပြီးသွားတော့....အားလုံးအပြင်ထွက်သွားသည်။
မှန်ထဲမှ နတ်သမီးလေးအလားလှပနေသောသူမသည် ပျော်နေဟန်မရှိ..။တစ်သက်မှာတစ်ကြိမ်သာ..ဝတ်ရမည့်အဖြူရောင်သတို့သမီးဝတ်စုံလေးဟာ.မိန်းကလေးတိုင်းရဲ့အိမ်မက်သာဖြစ်ပေမယ့် ရတီ့အတွက်တော့မဟုတ်ပါ။
လက်သကြွယ်မှာဝတ်ဆင်ထားသည့်လက်စွပ်လေးအားချွတ်ပြီး...ဆွဲ ကြိုး
ထဲထည့်ကာ လည်တိုင်တွင်ဝတ်ဆင်လိုက်သည်။
ပြီးနောက်..မျက်ရည်များအားအသာသုတ်ကာမုန်ထဲမြင်နေရသည့်ကိုယ့်ကိုကိုအားကြည့်၍အပြုံးလှလှလေးအားနုတ်ခမ်းတွင်တပ်ဆင်လိုက်သည်။ရတီရဲ့အတော်ဆုံးအပိုင်းက ပျော်နေဟန် ဆောင်တာပဲမလား.။
ခင်သမီးအားတစ်အောက်ရပ်ကြည့်ကာ..ပြီးမှ..အခန်းတွင်းသို့ဝင်လာလိုက်သည်။

"ငါ့သမီးလေးအရမ်းလှနေပါလားကွယ်...။"
"ရော့....သမီးဒါလေးသောက်သွားအုန်း..စိတ်လှုပ်ရှားမှုလေးရော့သွားအောင်.....။"

ပြောရင်းလက်ထဲတွင်ကိုင်ထားသည့်ဖျော်ရည်အားသမီးကိုပေးလိုက်သည်။
ရတီလည်းမေမေ့အားပြုံးပြလိုက်ပြီး....ဖျော်ရည်အား..မော့သောက်လိုက်သည်။
ဟူး...ခွက်အားမေမေ့ကိုပြန်ပေးကာ
ကျေးဇူးပဲမေမေ.....။ရတီ. ခေါင်းထဲတွင်ဘာကြောင့်မှန်းမသိ နောက်ကျိကျိဖြစ်လာကာ...မူးဝေလာသည်။

"ဘုတ်..."
.လဲကျလာသည့်သမီးရဲ့ခန္ဓာကိုယ်အားထိန်းကာ...သူမငှားထားသည့်လူတွေအားခေါ်ကာ...သမီးကို.....ဘယ်သူမှမသိအောင်..သမီးအိန္ဒြာဆီကိုပို့ခိုင်းလိုက်သည်။ပြီးနောက်သမီးအိန္ဒြာအားဖုန်းဆက်ကာ...

"မေမေချွေးမလေးကို
အပ်လိုက်ပြီနော်...။"
ဖုန်းပြောပြီးတော့ပြုံးနေမိသည်။သူမကတော့ဖြစ်လာသမျှပြဿနာတွေအားဖြေရှင်းရအုန်းမည်...။

ကျွစ်.ထထိုင်လိုက်ပြီး... ရတီလန့်သွားသည်။.

"ဘယ်...ဘယ်ရောက်နေတာလဲ........။"

ရတီဝတ်ထားသည့်အဝတ်အစားတွေအားကြည့်လိုက်တော့...ပေါ့ပေါ့ပါးပါး.....hotelဝတ်ဆုံ..ပဲပင်။
သူမ...နားထင်အားဖိနိုပ်ကာ..အဖြစ်အပျက်များအားပြန်စဥ်းစားနေမိသည်..။

#What is love #जहाँ कहानियाँ रहती हैं। अभी खोजें