part-7(uni)

374 9 0
                                    

."..မမကြားလား....။"

."hmm...။"

"ရတီ့ရင်ခုန်သံကိုလေ..။"

"ကလေးကလည်း။"

ဟူး....ရတီမမမျက်ဝန်းတွေအားသေချာစိုက်ကြည့်ကာ.....။

".မမ....။"

"ရှင်..။"

"ရတီ့ကိုမမရဲ့ကောင်မလေးဖြစ်ခွင့်ပေးပါလားဟင်။အဟမ်းနေဦးအဖြေမပေးနဲ့အုံး..။"

အိန္ဒြာအဖြေပေးဖို့ပြင်လိုက်ပေမယ့်ကလေးစကားကြောင့်ကြောင်သွားသည်။

"ဟိုရတီလည်းမိန်းကလေး မမလည်းမိန်းကလေးလေ
..အဲ့တာကြောင့်မမူနဲ့နော်...။စောင့်ရတာတွေဘာတွေရတီမလိုခြင်ဘူး။"

"အဟားဟား....ကလေးကလည်းဘာများလည်းလို့.......မမက ကလေးကိုအရင်စချစ်ခဲ့တဲ့သူပါ....ဒါကြောင့်ကလေးက...အရင်ဖွင့်မပြောရင်တောင်မမကအရင်ဖွင့်ပြောမှာ။
မမရဲ့အသွေးသားခန္ဓာ
စိတ်ဝိညာဥ်နှလုံးသားအကုန်လုံးကို မမကကလေးကိုပုံအပ်ပေးပြီးသားပါ။"

ရတီမမစကားကြောင့်ရှက်သွားရသည်။

"အင်း.......။"

"ကလေးကရှက်နေတာပဲပါးလေးတွေနီရဲနေလို့နော်.....။"

"မမကလည်း....။ရတီချစ်ရတဲ့လူက ရတီ့ကိုချစ်ကြောင်းတွေစိုက်ကြည့်လာပြောတော့ရှက်ရတာပေါ့။"

"အဲ့ဒီရှက်နေတဲ့မိန်းမလှလေး
ကိုနမ်းခြင်တယ်ဆိုရင်ကောဘယ်လိုလဲခွင့်ပြုပေးမှာလား။"

"ဒါပေါ့မမရဲ့......။"

ဟင်....အင်..အသက်ရူုရခတ်သည့်အခြေအနေရောက်မှပြန်လွှတ်ပေးလိုက်သည်။
ရတီမမရင်ဘက်လေးကိုဖွဖွလေးထုရိုက်ကာ..ခုနကအသက်ရူုရခတ်တာတောင်မလွှတ်ပေးသည့်မမကိုအပြစ်ပေးလိုက်သည်။
ရတီမောဟိုက်နေသည်။မမကရတီ့ကိုသူမရင်ခွင်ထဲဆွဲဖက်လိုက်သည်ကြောင့်ရတီလည်းအလိုက်သင့်လေးခိုဝင်မိသည်။
အဲ့ဒီနေ့ကစပြီးမမနဲ့ရတီချစ်သူတွေဖြစ်ခဲ့တာ...
နှစ်သစ်ကူးသည့်ပျော်စရာကောင်းသည့်
​​နေ့ရက်တွေညတွေကိုလည်းအတူတူဖြတ်သန်းခဲ့ကြသည်။ရန်ကုန်မြို့က..ပျော်စရာကောင်းသည့်ကစားကွင်းတွေဆီကိုလည်းသွားခဲ့ကြသည်။မမနဲ့နောင်ဘဝမှာလည်းရေစက်အများကြီးရှိခြင်သည်ကြောင့်ဘုရားတွေလည်းလည်ပတ်ဖူးခဲ့ကြသည်။
မေမေက နာမည်ကြီးစိန်ရွှေကျောက်မြတ်ရတနာဆိုင်ဖွင့်ထားပြီး...ဖေဖေက..နာမည်ကြီး.Hotelရဲ့ပိုင်ရှင်ဖြစ်သည့်
သူဌေးသမီးမမကတော့တစ်ခါတစ်လေ sugar mommyဆိုဒ်ဖမ်းတတ်သေးသည်။ဒါပေမယ့်မမက..မိဘလုပ်စာထိုင်စားနေသည့်လူတစ်ယောက်မဟုတ်ပါ...။အခုဆိုမမက..ကိုယ်ပိုင်အဝတ်အထည်ဆိုင်လေးတောင်ဖွင့်လင့်နိုင်နေပြီဖြစ်သည်။
ကျောင်းမပြီး​သေးသည့်ရတီကတော့မမကိုအားကျလျက်ပေါ့...။
ဒီနေ့ရတီတို့အောင်စာရင်းထွက်သည့်နေ့ပင်....။
ရတီအစောကြီးထဲက နိုးနေလေသည်။မေမေကတော့ဘုရားရှိခိုးကာရတီ့အတွက်ဆုတောင်းပေးနေလေသည်။
ဖုန်းလာသည်ကြောင့်ကမုန်းကတန်းကောက်ကိုင်လိုက်သည်။

#What is love #Donde viven las historias. Descúbrelo ahora